ဒေါ်စုရဲ့ M.A ဘွဲ့ ကို စစ်ဖွတ်က ထိုးနှက်နေတာကို ဆိတ်တအုပ်ရှင်းနိုင်မလားလို့ စောင့်ကြည့်နေတာ၊ သူတို့မရှင်း/မရှင်းနိုင်တော့ စာရေးပျင်းသူက မနေသာ၊ ဝင်ပါရပြန်ပြီ။။
ကျနော် ရှင်းပြမယ်။
ဒေါ်စုဟာ အင်္ဂလန်မှာ ပထမ B.A ဘွဲ့ကို St. Hugh's College က ၁၉၆၇ မှာရတယ်။ ဒုတိယ M.A ဘွဲ့ကို ၁၉၆၈ ( တနှစ်အကြာမှာရတယ်။ အဲဒီမှာ မေးခွန်းတွေပေါ်တာပဲ)။ အဲဒါက အောက်စဖို့တက္ကသိုလ်။ နိုင်ငံရေး အထူးပြု။
နောက် ၁၉၅၈-၁၉၈၇အထိ တတိယ M. Phil ကို မြန်မာစာအထူးပြုပြီး သုသေတနလုပ်တယ်။ ဒါက လန်ဒန်တက္ကသိုလ်မှာ။ မပြီးစီးဘူး။
အဲဒီမှာ သုံးမျိုးရောပြီး မျက်စိလည်ကုန်တာပဲ။
ဒီလိုအသေကျက်။ B.A ဘွဲ့ ရတယ်။ M.A ဘွဲ့ ရတယ်။ M. Phil မရဘူး။
အဲ မေးခွန်းတခုက တစ်နှစ်အတွင်း M.A ဘွဲ့ ဘယ်လိုရသလဲ။
ဟုတ်ကဲ့။ အလွန်ထူးခြားတဲ့ လုပ်နည်းတခုပါ။ ကမ္ဘာပေါ်မှာ အောက်စဖို့အပါအဝင် ၃ တက္ကသိုလ်မှာပဲရှိပါတယ်။ B.A ဘွဲ့ ( ဂုဏ်ထူး ) ရရင် M.A ကို အလိုအလျှောက် အဆင့်မြင့်ပေးပါတယ်။ အကယ်ဒမစ် ဘွဲ့ပါ။ ဘွဲ့လွန်မဟုတ်ပါ။ စာမေးပွဲ ဖြေရန် မလိုပါ။ ၇ နှစ် ကြာရင် လျှောက်လွှာတင်နိုင်ပါတယ်။
ဟင် ! ဒေါ်စုက တနှစ်အတွင်း ဘယ်လိုရသလဲ။
၇ နှစ် ဆိုတာ တက္ကသိုလ်ဝင်စကနေ ရေတွက်တာ။ ဒေါ်စုက အောက်စဖို့ရောက်ပြီး ၄ နှစ် ( B.A ရပြီး တစ်နှစ်အကြာ ......) M.A. ရတယ်ဆိုတော့ မေးခွန်းထုတ်စရာပေါ်လာပါပြီ။
ခြွင်းချက်ရှိပါတယ်။ တက္ကသိုလ်မှာ အလုပ်ဝင်လုပ်ပေးရင် ဒါမှမဟုတ် ပညာရေးကဏ္တတခုခု၊ လေ့လာမှုတခုခုကို လုပ်ရင် M.A ဘွဲ့ ချီးမြင့်ဖို့ စဉ်းစားပါတယ်တဲ့။ ဒါကို "ပူးပေါင်းပါဝင်ခြင်း " နည်းစဉ်လို့ ခေါ်ပါသတဲ့။ ကျနော် မြန်မာမှုပြုရရင် လုပ်အားပေးခြင်း"ပေါ့။ မြန်မာလိုတွေးပြီး အလွယ်လေး မထင်ပါနဲ့။ ဘုတ်အဖွဲ့က ဆုံးဖြတ်တာပါ။
အဲဒီနည်းနဲ့ ဒေါ်စုက M.A ဘွဲ့ ရခဲ့တယ်လို့ ရှင်းပြ ပါရစေ။
.
.
အပေါ်က စာတွေဟာ အကြောင်းအကျိုးကို ရှင်းထားတာ။ သိပ်ပြီး ခေါင်းရှုပ်မခံချင်ရင် တချက်ထဲ ယူသွား။ အောက်စဖို့တက္ကသိုလ်ပုံနှိပ်ဌာန (Oxford University Press)က တည်ထောင်ထားတဲ့ Oxford Index မှာ ဒေါ်စု အကြောင်း ရေးထားတာရှိတယ်။ အဲဒီမှာ ဖော်ပြတဲ့ M.A. ဘွဲ့ရတဲ့ အချက်ကို စစ်ဖွတ်တွေကို နားရွက်ဆွဲပြီး ပြလိုက်။
ဟောဒီမှာ အောက်စဖို့က တရားဝင် ကြေညာထားတဲ့ http://oxfordindex.oup.com/view/10.1093/oi/authority.20110803095434453
အဲဒါမှ ဒွိဟများနေသေးရင် တတ်နိုင်ရင်တော့ Oxford University Press က ထုတ်ဝေတဲ့ Who's Who in the Twentieth Century ကို ဝယ်ဖတ်ပေါ့ဗျာ။ သေချာတာတော့ ဒေါ်စု M.A ဘွဲ့ရခဲ့တာ မြေကြီးလက်ခတ်မလွဲပဲ။ စဉ်းစားလေဗျာ။ နိုင်ငံတကာရော အောက်စဖို့ရော စောင့်ကြည့်နေတဲ့ သူတစ်ယောက်ပါ။ မဟုတ်ရင် ထအော်မယ့် နိုင်ငံတကာသတင်းဌာနတွေ ဖွကြမှာပေါ့။ ဘယ်ငြိမ်နေလိမ့်မတုံး။ အမေရိကန်သမတကိုတောင် အလွတ်မပေးတာဗျာ။
http://www.oxfordreference.com/view/10.1093/acref/9780192800916.001.0001/acref-9780192800916
-------------------------
ဟဲဟဲ ဒီရှင်းလင်းချက်ကို ဆိတ်တွေ ယူသုံးရင် အတုခိုးရင် မှီငြမ်းရင် ဆရာကြီး မင်းစိုးနိုင်လို့ ခရက်ဒစ်ပေးပါ၊ ကျန်လူတွေ သဘောရှိ ကူးနိုင်တယ်။ ခရက်ဒစ်မလို။
....
ကျနော် မြန်မာလိုရေးတာ မရှင်းရင်၊ ဘိုစာကို ဖတ်ပါ။ တချို့က (ဆိတ်တွေထင်တယ်) မြန်မာစာလဲ နားမလည်၊ ဘိုစာကိုလည်း မဖတ်ပဲ လာဆဲနေတယ်။ ငိငိ
.....
(အိန္ဒိယမှာ ယူခဲ့တဲ့ ဘွဲ့လဲရှိ၏။ ယင်းကို ထည့်မရေးပါ။ )
Credit : https://www.facebook.com/media/set/?set=a.960575974039525.1073741862.700803556683436&type=3
No comments:
Post a Comment