Sunday, 22 May 2016

သမ္မတ ဦးထင်ကျော် *ကိုယ်ရေးသမိုင်း

* သမ္မတ ဦးထင်ကျော် *ကိုယ်ရေးသမိုင်း( ဖတ်ရှု့ စေချင်သော
စာတစ်ပိုဒ်)
///////////////////////////////////////////////////////////////////////
အသက် - ၇၀နှစ်
ပညာအရည်အချင်း -၁၀တန်းစာမေးပွဲ မြန်မာတနိုင်ငံလုံး အဆင့်၃
လူရည်ချွန် ၅ထပ်ကွမ်း
စီးပွားရေးဆိုင်ရာ မဟာဘွဲ့
့(ရန်ကုန်စီးပွားရေး တက္ကသိုလ်)
ကမ္ဘာအကောင်းဆုံး အင်္ဂလန်အောက်စဖို့ဒ်
တက္ကသိုလ်မှ ကွန်ပျူ တာ မဟာဘွဲ့
မြန်မာနိုင်ငံ၏
ပထမဆုံးသော ပညာတော်သင် ကျောင်းသား
ဖခင် -နိုင်ငံလွတ်လပ်ရေးမော်ကွန်းဝင် ခေတ်စမ်းစာပေဖခင်
စာရေးဆရာ မင်းသုဝဏ်၏သား
မဆလခေတ် နိုင်ငံတော်ဝန်ကြီးချုပ်ဦးလွင်၏ သမက်
ဇနီး -ဒေါ်စုစုလွင်
(ပြည်ထောင်စုလွတ်တော်
နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဌ)
လက်ရှိ-ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဌ
ကမ္ဘာ့ထိပ်တန်း ကွန်ပျူ တာပညာရှင် အစည်းရုံး သဘာပတိ

ကွမ်းခြံကုန်းမြို့သား ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်သည်။
၁၉၄၆ ဇူလိုင် ၂၀ တွင် မွေးဖွားသည်။
၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ်
၁၉၆၆-၆၇ စီးပွားရေးပညာဘွဲ့၊ B.Eco
၁၉၆၈ M.Eco
(part 2- တက်ရောက်စဉ် တက္ကသိုလ်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်)
၁၉၇၀ University of Computer Centre သို့ ပြောင်းရွှေ့ပညာသင် (Programmer / Analyst)
၁၉၇၁-၇၂ Institute of Computer Science, University of London
၁၉၇၄ Asia Electronic Union, Tokyo
၁၉၇၄-၇၅ M.Sc., Computer Science (RASU)
၁၉၇၅ ဌာနခွဲမှူး ( အကြီးစားစက်မှုလုပ်ငန်း)
၁၉၈၀-၁၉၉၂ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD)
၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး ရာထူးမှနှုတ်ထွက်
၁၉၈၇ Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့
ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူတစ်ဦး လည်းဖြစ်သည်။ စင်စစ် သူသည် ဒီချုပ်ပါတီထက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သောလူအနည်းစုတွင် ဦးထင်ကျော်လည်းပါဝင်သည်။
သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် ဒီချုပ်ပါတီဝင်များက သိထားကြသည်။
ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည်။
ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ‘‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’’စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။
သမ္မတ ဖြစ်နိုင်ချေအရှိဆုံးသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အချရဆုံးသူအဖြစ် လည်းကောင်း မိသားစုမျိုးရိုး သမိုင်းကြောင့် လည်းကောင်း ရိုးသားဖြောင့်မတ်သော စိတ်ထားရှိ၍ လည်းကောင်း စသည့် အရည်အချင်းများကြောင့် NLD ၏ သမ္မတ တင်မြှောက်ပေးခြင်းခံထားရသူ တစ်ဦးဖြစ်လာခဲ့သည်။
NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး၊ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။

Source - Kay Nyein and other reliable media

Friday, 20 May 2016

The Meeting of Myanmar and Ressian Presidents

(President of Russia Vladimir Putin:)
Mr President, colleagues, allow me to welcome you in Russia.

I have this excellent opportunity to congratulate you personally on your election. I am very happy at the first visit by the President of Myanmar to Russia.

Frankly speaking, our trade and economic relations have not reached a high level yet, but I think that there is good potential for developing them. This is true of the economic side of things, and also of political and military-technical cooperation.

We have already made the first steps. Some of our companies are showing increasing interest in your market. I think that we should encourage the business community to work together in all areas of mutual interest.

We are very happy to see you and your delegation here, Mr President.

(President of the Republic of the Union of Myanmar Htin Kyaw:) Thank you, Your Excellency, for welcoming me and also for giving me the opportunity to see you on the sidelines of this Russia-ASEAN meeting. It gives me great pleasure, and I greatly appreciate you giving your time when you are very busy but you are giving your time to meet me and my delegation. Thank you very much.

I also want to thank you for the fact that since our arrival, the provisions made for us have been very caring. There is nothing that we need and we have received very good care and hospitality at the place where we are staying, starting from the time we set foot in the Russian Federation.

I am very glad to be here, especially since I have been in office for less than two months and I have the chance to visit your country and this beautiful Sochi seaside resort. Last night I couldn't see what it was like because we got here late, but this morning there's the sun and people walking along the beach and it's a very, very pleasant place.

I am pleased to learn that Russian business and enterprises are interested in our economy and in working in our country based on mutual beneficial cooperation, and we would really like to welcome Russian investments in Myanmar. Especially because we have a longstanding friendly relationship since our independence in 1948. Since that time, we have never had any issue or problem with the Russian Federation

Credits ... Ye Linn Dmo

တရုတ်-အမေရိကန်အားပြိုင်ပွဲမှ မြန်မာပြည်ရှောင်ထွက်ခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့တပ်မတော် လက်တွဲပြီ
တရုတ်-အမေရိကန်အားပြိုင်ပွဲမှ မြန်မာပြည်ရှောင်ထွက်ခြင်း

ဒီနေ့ မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းမှာ အုပ်စုကြီး(၃)ခုပဲရှိပါတော့တယ်။ မြန်မာတွေကြိုက်လှတဲ့ ဘောလုံးစကားနဲ့ပြောရရင် ပြိုင်ပွဲမှာ(၃)သင်းပဲကျန်တော့တယ်။
အုပ်စု(၁)ကတော့ အာဏာရဒေါ်အောင်ဆန်းစုကြည်ရဲ့အုပ်စု၊ အုပ်စု(၂)ကတော့ မြန်မာ့တပ်မတော်နဲ့ အုပ်စု(၃)ကတော့တိုင်းရင်းသားအင်အားစုများဖြစ်တယ်။
ဒီအုပ်စုကြီး(၃)ခုကလွဲရင် ကျန်တဲ့နိုင်ငံရေးပါတီတွေ၊နိုင်ငံရေးအင်အားစုတွေအားလုံးဟာ မြန်မာ့နိုင်ငံရေးဇတ်ခုံရဲ့ အဓိကဇတ်ကောင်တွေ မဟုတ်ကြတော့ပါဘူး
အဓိကဇတ်ကောင်(၃)ယောက်ကိုပဲ ဝန်းရံပံ့ပိုးကြရမယ့် ဇတ်ပို့၊ဇတ်ရန်တွေသာ ဖြစ်သွားပါတယ်။
မြန်မာ့နိုင်ငံရေး ဇတ်ခုံပေါ်မှာ အဓိကဇတ်ကောင်(၃)ယောက်ပဲရှိတော့တယ်ဆိုတာကို လက်ခံသလား၊ လက်မခံဘူးလားဆိုတာ နိုင်ငံရေးအင်အားစုအားလုံးရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ရမယ့် ပြဿနာပါ။
ဒေါ်အောင်ဆန်းစုကြည်အုပ်စုရယ်၊ မြန်မာ့တပ်မတော်ရယ်၊ တိုင်းရင်းသားအင်အားစုတွေရယ် ညီညွတ်ပြီး လက်တွဲနိုင်ရင် မြန်မာပြည်ထောင်စုအောင်ပွဲခံပါလိမ့်မည်။
ဒီအုပ်စု(၃)စု လက်မတွဲနိုင်ဘဲ ပဋိပက္ခအသွင်ဖြင့် ဆက်ရန်ဖြစ်နေရင်တော့ မြန်မာပြည်ဟာ ကျဆုံးနိုင်ငံတော်တစ်ခု ဖြစ်သွားပါတော့မယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပွဲစတာနဲ့ ဒီမိုကရေစီဘောလုံးကွင်းကြီးထဲမှာ အရှိန်အဟုန်နဲ့ စ,ကစားနေပါပြီ။ဘယ်သူမှတွက်ချက်မထားတဲ့မှန်းဆချက်တွေ၊ အကွက်တွေ တစ်ကွက်ချင်း ရွှေ့နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲလို့ တွက်တဲ့ နိုင်ငံရေးသုခမိန်တွေအားလုံး (၉၀)ရာခိုင်နှုန်းလွဲပါတယ်။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ အတော်ကြီးတင်းမာနေရာက ချက်ချင်းဆိုသလို တပ်မတော်နဲ့ အခိုင်အမာလက်တွဲပြလိုက်ပါတယ်။
အဲဒါကတော့ မြန်မာ-ရုရှ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အတည်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။
၂၀၁၆ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတဦးထင်ကျော် ပေးပို့လာတဲ့ မြန်မာ-ရုရှစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို လွှတ်တော်တွင်းမှာ NLDပါတီကတစ်ဦး၊ ကြံ့ခိုင်ရေးပါတီက တစ်ဦး၊ တပ်မတော်ကိုယ်စားလှယ်ကတစ်ဦး အကျေအလည်ဆွေးနွေးကြပြီး ဆုံးဖြတ်ကြတဲ့အခါ လွှတ်တော်တစ်ခုလုံးမှာ ကန့်ကွက်သူမရှိဘဲ အဆိုကိုအတည်ပြုလိုက်ကြသည်။
ဒီသတင်း အွန်လိုင်းပေါ်တက်လာခြင်းဖြင့် ထောက်ခံသူတွေ တစ်ပြည်လုံးအနှံ့အပြား တက်လာတာကိုတွေ့နေရတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒီဆုံးဖြတ်ချက်ကို ကျုပ်တို့နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတစ်ရပ်လုံးက ထောက်ခံစေချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့မြန်မာပြည်ဟာ အိမ်နီးချင်း စစ်အင်အားကြီး တရုတ်ပြည်ရဲ့ စစ်ရေး၊ စီးပွားရေး အခြိမ်းအခြောက်ခံနေရလို့ပဲ ဖြစ်ပါတယ်။
ရုရှ-မြန်မာ စစ်ဘက်သဘောတူညီချက်လုပ်နိုင်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ပထမဆုံးအရေးကြီးဆုံး " ဘုံ " သဘောတူညီချက်တစ်ခုကို လက်တွဲလိုက်နိုင်ပြီလို့ ပြောလို့ရသွားတယ်။
အကျိုးကတော့ အလွန်ကြီးမားပါတယ်။ ဒီကနေ့ အရှေ့တောင်အာရှ၊တောင်တရုတ်ပင်လယ်နဲ့ အရှေ့ဖျားမှာ တရုတ်-အမေရိကန်-ဂျပန်-မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးတင်းမာမှုဟာ အလွန်ပြင်းထန်လာနေပါတယ်။ အထူးသဖြင့် တရုတ်ပြည်နဲ့ အမေရိကန်ရဲ့ဒေသအတွင်းစစ်ရေးပြိုင်ဆိုင်မှုဟာ အရှိန်အဟုန်မြင့်လာတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ပေါင်းမလား၊ တရုတ်နဲ့ပေါင်းမလားလို့ ဘက်နှစ်ဖက်ကိုရွေးရမယ့်အခြေအနေဖြစ်နေတဲ့ အချိန်မှာ အမေရိကန်ကိုရွေးလိုက်ရင် အင်အားကြီးတရုတ်ရဲ့ အမျက်ဒေါသနဲ့ ကြီးမားတဲ့ တုံ့ပြန်မှုကို မြန်မာပြည် အကြီးအကျယ် ရင်ဆိုင်ရပါတော့မယ်။
ဒါကိုစိုးရိမ်လို့ တရုတ်ပြည်နဲ့ ပူးပေါင်းရင်လဲ ယခင်အစိုးရအဆက်ဆက်လို တရုတ် ဩဇာခံနိုင်ငံဘဝ လုံးလုံးကျသွားပါလိမ့်မယ်။
မြန်မာ-ရုရှစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့တပ်မတော်ရဲ့ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။
ကျုပ်တို့မြန်မာပြည်ရဲ့အဖြစ်ကတော့ လူဦးရေ သန်း(၁၅၀၀)နီးပါးနဲ့ စစ်သားသန်းပေါင်းများစွာရှိတဲ့ တရုတ်စစ်တပ်ကို ကျုပ်တို့ စုစုပေါင်းလူဦးရေ သန်း(၅၀)တည်းနဲ့ ရင်ဆိုင်နေရတယ်။ ဒီကြားထဲ တိုင်းရင်းသားအချင်းချင်းကလည်း တိုက်နေတာအနှစ်(၆၀)ကျော်ပြီ။
ရှေးလူကြီးတွေပြောတဲ့ စကားအတိုင်းဆို......" မေခ၊ မလိခနဲ့ သံလွင်မြစ်ဖျားက တရုတ်မတွေရှူးရှူးပေါက်လိုက်ရင် မြန်မာပြည်တစ်ခုလုံး ရေကြီးပြီးတော့ ပင်လယ်ထဲမျောသွားနိုင်တယ်" ဆိုတဲ့စကားဟာ အင်မတန်ပညာရှိပါတယ်။
တရုတ်တွေအားလုံး သေနတ်မပါဘဲ ဒီအတိုင်း လမ်းလျှောက်ဝင်လာရင်တောင် ကျုပ်တို့ရင်ဆိုင်ဟန့်တားဖို့ အလွန်အခက်အခဲရှိနေပါတယ်။ ကျုပ်တို့လူဦးရေသန်း(၅၀)ဆိုတာ မော်စီတုံးမှားခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက ခုန်ပျံကျော်လွှားရေးလုပ်စဉ်တုန်းက တရုတ်တွေအစာငတ်ပြီးသေတာတောင် သန်း(၃၀)လောက်ရှိခဲ့တယ်။အိမ်နီးချင်းဆိုတဲ့ တရုတ်ပြည်နဲ့ ရန်ပွဲတွေဖြစ်၊ စစ်ပွဲတွေဖြစ်ပြန်ရင်လည်း ဘယ်လိုမှအကျိုးမရှိတဲ့ လုပ်ရပ်သာဖြစ်တယ်။ စစ်မဖြစ်ချင်လို့ တရုတ်ကိုဖားပြီး သူ့ဩဇာခံ လုပ်ပြန်ရင်လည်း မြန်မာပြည်ဟာ တရုတ်ပြည်ရဲ့ အရန်ပြည်နယ်ဖြစ်သွားဖို့ပဲရှိပါတယ်။
တရုတ်ရဲ့ အန္တရာယ်ဟာ တနေ့တခြား ပိုပိုကြီးမားလာပါတယ်။ KIA,MNDAAကိုးကန့်, NDAAမိုင်းလား, TNLA တအောင်း, AAရခိုင် စတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့နောက်ကွယ်က လက်မည်းကြီးဟာ တရုတ်ပြည်ပဲဖြစ်တယ်။
တရုတ်က မျက်ရိပ်မျက်ခြေပြလိုက်ရုံပဲရှိသေးတယ်၊ နယ်စပ်တကြောမှာတိုက်ပွဲတွေက ပလူပျံပြီးဖြစ်လာတယ်။
တကယ်တော့ မြန်မာ့တပ်မတော်ဟာ တရုတ်ထောက်ခံပေးခဲ့တဲ့ ဗကပကို အနှစ်(၄၀)ကျော် အကြီးအကျယ်ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိတယ်။
ဗကပတွေမအောင်မြင်ခဲ့ပါဘူး။ တရုတ်တွေ အကြံမအောင်မြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ အနှစ်(၄၀)က တရုတ်ထောက်ခံပေးတဲ့ ဗကပကိုနိုင်ခဲ့တဲ့ခေတ်နဲ့ ဒီကနေ့တရုတ်ပြည်ဆိုတာ အလွန်ကွာခြားသွားခဲ့ပါပြီ။
ဗကပကို စစ်ရေးအကူအညီပေးခဲ့တဲ့ အခြေအနေတုန်းကတရုတ်ဟာ ခေတ်မီတိုးတက်သေးတဲ့တရုတ်ပြည်မဟုတ်ပါဘူး။ အဲဒီတုန်းက တရုတ်ပြည်ဟာသူ့ပြည်သူတွေကိုတောင် ထမင်းနပ်မှန်အောင် မကျွေးနိုင်ခဲ့ဘဲ ဆန်ပြုတ်တိုက်ထားရတဲ့အခြေအနေပါ။
ဒါ့အပြင် အဲဒီတုန်းက ကိုရီးယားစစ်ပွဲ၊ ထိုင်ဝမ်ပြဿနာ၊ တရုတ်-ရုရှနယ်ခြားစစ်ပွဲ၊တရုတ်-အန္ဒိယနယ်ခြားစစ်ပွဲ၊ တရုတ်-ဗီယက်နမ်စစ်ပွဲတွေကို အာရုံထားနေရတာပါ။ မြန်မာကိစ္စကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။
ဒီကနေ့ တရုတ်ပြည်ဟာကမ္ဘာ့ စူပါပါဝါဖြစ်လာနေပါပြီ။ ကမ္ဘာ့စီးပွားရေးမှာဒုတိယအကြီးဆုံးဖြစ်လာပြီး ပထမအဆင့်ကိုတောင် တက်လှမ်းဖို့ပြင်နေပါပြီ။
စစ်ရေးမှာဆိုရင်လည်း အမေရိကန်နဲ့ရုရှပြီးရင် တတိယစစ်အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာနေပါပြီ။
ဒီကနေ့ တရုတ်စစ်လက်နက်တွေဟာ ဗကပကို တရုတ်တွေအကူအညီပေးခဲ့တဲ့ လွန်ခဲ့တဲ့အနှစ်(၄၀)က စစ်လက်နက်အဆင့်မဟုတ်တော့ပါဘူး။ အနီးဆုံး ဥပမာပေးရရင် ၂၀၁၅ခုနှစ် နှစ်ဆန်းက လောက်ကိုင်ဒေသကို ဖုန်ကြားရှင်ရဲ့ ဘိန်းတပ်ဖွဲ့တွေ အင်အားထောင်ကျော်လေးက ဝင်တိုက်တဲ့အခါ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတဲ့အဖြစ်ဟာ အကောင်းဆုံးသင်ခန်းစာနဲ့ ဥပမာပဲဖြစ်တယ်။ဒါကြောင့် မြန်မာပြည်နဲ့ မြန်မာ့တပ်မတော်ဟာ တရုတ်ကိုရင်ဆိုင်ဖို့ အကောင်းဆုံးမဟာမိတ်၊ အကောင်းဆုံးမိတ်ဆွေကတော့ စစ်ရေးနဲ့ပတ်သက်လာရင် အမေရိကန်နဲ့ ပေါင်းမလား၊ ရုရှနဲ့ပေါင်းမလား နှစ်လမ်းပဲရှိပါတယ် နှစ်လမ်းပဲရှိပါတယ်။(စီးပွားရေးမှာတော့ အမေရိကန်နဲ့ ဂျပန်နဲ့ပေါင်းတာဟာ အကောင်းဆုံးပဲဖြစ်တယ်)
စစ်ရေးမဟာမိတ် နှစ်ဦးဖြစ်တဲ့ အမေရိကန်နဲ့ရုရှထဲက မြန်မာပြည်ဟာ အမေရိကန်နဲ့ပေါင်းလိုက်ရင် အိမ်နီးချင်း တရုတ်ပြည်ရဲ့ တုံ့ပြန်မှုကိုအတော်ကြီးကြီးမားမား ခံရနိုင်စရာရှိပါတယ်။
ဒီကနေ့ခေတ် မြန်မာပြည်လောက်......မြန်မာ့သမိုင်းမှာ အချုပ်အခြာအာဏာကို အစော်ကားခံရဆုံး အချိန်ကာလဆိုတာ မရှိခဲ့သေးပါဘူး။
ဒီနေ့ မြန်မာပြည်မှာ လူဖြစ်နေတဲ့ ပြည်သူသန်း(၅၀)စလုံးနဲ့ ပြည်ထောင်စုစစ်တပ်ဟာ ဘုရင့်နောင်၊ ဦးအောင်ဇေယျနဲ့ ဆင်ဖြူရှင်တို့ရဲ့မျက်နှာကိုကြည့်ဖို့ အလွန်ရှက်စရာကောင်းလှပါတယ်။
ဘုရင့်နောင်၊အလောင်းဘုရားနဲ့ဆင်ဖြူရှင်လက်ထက်မှာ ဓားနဲ့လှံပဲရှိတဲ့ခေတ်။တစ်အိုးစား နှစ်အိုးစား သွေးသောက်ဆိုတာတွေနဲ့ စစ်တိုက်ထွက်ခဲ့ရတဲ့ခေတ်မှာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာဟာ အရှေ့ဘက်မှာ မဲခါင်မြစ်ဝှမ်း၊ အနောက်ဘက်မှာ ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ တောင်ဘက်မှာမလေးယားကျွန်းဆွယ်အထိရောက်ခဲ့တယ်။
ဒါတွေပြောနေတာဟာ ငယ်ငယ်တုန်းက ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တာတွေကို စားမြုံ့ပြန်နေတာ မဟုတ်ပါဘူး။ ကျုပ်တို့ဘိုးဘွားဘီဘင်ခေတ်က အချုပ်အခြာအာဏာ ဘယ်လောက်ရှိခဲ့သလဲဆိုတာပြောချင်တာပါ။
ကျုပ်တို့ခေတ်ကျတော့ စစ်တောင်းမြစ်ကို မကျော်လိုက်နဲ့၊ သံလွင်မြစ်ကိုမကူးလိုက်နဲ့၊ ရခိုင်ရိုးမကိုမဖြတ်လိုက်နဲ့ ဘယ်လက်နက်ကိုင် ဒေသတဲ့။ဘယ်လက်နက်ကိုင်အဖွဲ့စိုးမိုးတဲ့နယ်မြေတဲ့။ဒါတွေဟာ အင်မတန်ရှက်ဖို့ကောင်းပါတယ်။
အမေရိကန်ပြည်နဲ့ အပုံ(၅၀)မှာ တစ်ပုံလောက်ပဲရှိတဲ့ နိုင်ငံသေးသေးလေးမှာ လက်နက်ကိုင်စစ်တပ်တွေဆိုတာ မှိုလိုပေါက်နေပြီး ဒါဇင်နဲ့ချီပြီးရှိနေတယ်။ကမ္ဘာ့နိုင်ငံတိုင်းမှာ တပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ တပ်မတော်နှစ်ခုရှိတဲ့နိုင်ငံဆိုတာမရှိပါဘူး။
ဒီလိုအခြေနေဆိုးတွေကိုရင်ဆိုင်နေကြရတာဟာ အိမ်နီးချင်းတရုတ်ရဲ့လက်ချက်ပဲဖြစ်တယ်။
ဒါတောင် တရုတ်ဟာ နံပါတ်(၁)ဂီယာပဲထိုးသေးတာဖြစ်တယ်။ဒီအခြေနေမှာတောင် မြန်မာပြည်နယ်စပ်တကြောမှာ တိုက်ပွဲတွေပလူပျံနေပြီ။
အကယ်၍ တရုတ်က နံပါတ်(၂)နံပါတ်(၃)ဂီယာတွေဆက်ပြီးထိုးလာခဲ့ရင် မြန်မာပြည်ထောင်စုဆိုတာ မြန်မာပြည်ပိုင်နက်ဆိုတာ ရန်ကုန်နဲ့ မန္တလေးတစ်ဝိုက်ပဲဖြစ်သွားနိုင်တယ်။
ဒါကြောင့် တရုတ်ရဲ့ မဟာဗျူဟာ ရွှေ့မယ့်အကွက်ကို တုန့်ပြန်ဖို့ တစ်လမ်းပဲရှိတယ်။ အမေရိကန်နဲ့စစ်ရေးပေါင်းမလား၊ရုရှနဲ့စစ်ရေးပေါင်းမလား။
ဒီကနေ့တော့ ကျုပ်ဝမ်းအသာဆုံး နေ့တစ်နေ့ပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျုပ်တို့ထင်ထားတာထက် ပိုအကွက်မြင်ပါတယ်။
တရုတ်နဲ့လဲ စစ်ရေးမပေါင်းဘူး။ အမေရိကန်နဲ့လဲ စစ်ရေးမပေါင်းဘူး။ကမ္ဘာ့ထိပ်သီး စစ်အင်အားကြီးနိုင်ငံဖြစ်တဲ့ ပထဝီအနေထားအရအဝေးဆုံးဖြစ်တဲ့ ရုရှနဲ့စစ်ရေးဆိုင်ရာသဘောတူညီချက် ယူလိုက်ခြင်းဖြစ်တယ်။
ရုရှနှင့်မြန်မာ စစ်ဘက်ဆိုင်ရာ သဘောတူညီချက် အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက်ပြည်ပကျူးကျော်မှု ပေါ်ပေါက်လာသည်ဖြစ်စေ၊ပြည်ပနိုင်ငံတစ်ခုက ပြည်တွင်းရေး၊တိုင်းရင်းသားအရေးတွေမှာ ဝင်ရောက်စွက်ဖက်လာရင်ဖြစ်စေ ရုရှရဲ့စစ်ရေးအကူအညီရလာပါတော့မယ်။
ခေတ်မီလာတဲ့ တရုတ်ပြည်ရဲ့ စစ်လက်နက်စွမ်းရည်ကို ရင်ဆိုင်ဖို့ ရုရှရဲ့ ခေတ်မီစစ်လက်နက်ဟာ မြန်မာပြည်အတွက် အထူးလိုအပ်နေပါတယ်။
ဒီနေရာမှာ မြန်မာပြည်ဟာ ရုရှနဲ့စစ်ရေးပူးပေါင်းလိုက်လို့ အမေရိကန်နဲ့လဲ မဟာမိတ်ပျက်မသွားနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ရှိနေတဲ့ အရှေ့အာရှဖျားဒေသမှာ အမေရိကန်ရဲ့အဓိကရန်သူက ရုရှမဟုတ်ပါဘူး။တရုတ်ပဲဖြစ်တယ်။
ဒါ့အပြင် အမေရိကန်နဲ့ နေတိုးအဖွဲ့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘဝတလျှောက်လုံး အကြီးအကျယ်ထောက်ခံတဲ့ မိတ်ကောင်းဆွေကောင်း မိတ်ဆွေအရင်းအချာတွေပဲဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့မြန်မာ့တပ်မတော်တို့ ရုရှနဲ့စစ်ရေးပူးပေါင်းလိုက်လို့ အမေရိကန်နဲ့ မဟာမိတ်ပျက်မသွားနိုင်ပါဘူး။အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  အမေရိကန်ခေါင်းဆောင်တွေ၊ အမေရိကန်ပြည်သူတွေအကြားမှာ နှလုံးသားချင်း ချိတ်ဆက်ထားပြီးသားပါ။
၂၀၁၇ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်လာဖို့ ရှေ့ဆုံးကပြေးနေတဲ့ ဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီအမအရင်းအချာလိုဖြစ်နေသူပါ။
ဒါကြောင့် ရုရှနဲ့စစ်ရေးပူးပေါင်းဖို့ ဆုံးဖြတ်ချက်ဟာ မိတ်ဟောင်းဆွေဟောင်း အမေရိကန်နဲ့ မိတ်မပျက်စေပါဘူး။တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွှေ့လိုက်တဲ့အကွက်ဟာ သားရွှေအိုးထမ်းလာတဲ့ကိန်းမျိုးပါ။
အင်အား(၄)သောင်းကျော်ရှိတဲ့ UWSA 'ဝ ' တပ်ဖွဲ့လို တရုတ်အကြီးအကျယ်ထောက်ခံပေးထားတဲ့ လက်နက်ကိုင်စစ်တပ်တစ်ခုကို မြန်မာ့တပ်မတော်က လိုအပ်လို့ရင်ဆိုင်ရရင် ရုရှရဲ့စစ်အကူအညီလိုအပ်ပါတယ်။
ရုရှ-မြန်မာ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ယူလိုက်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုသူဟာ တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာနိုင်ငံရေးနဲ့ ပထဝီနိုင်ငံရေး၊ပါဝါနိုင်ငံရေးကို ပိုင်နိုင်ကျွမ်းကျင်တယ်ဆိုတာ ပြလိုက်ခြင်းသာဖြစ်ပါကြောင်း။        ။
          
                                  Credit - ထောင်သူရဲဘအုပ်

Thursday, 19 May 2016

“တိုင်းရင်းသားတွေ၊ အင်န်အယ်လ်ဒီကို အားကိုးလို့ မရတော့ဘူးလား”

နိုင်ငံကို စီမံအုပ်ချုပ်ခွင့်ရတာ လသားလောက်ပဲ ရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်မှု တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်လာပါတယ်။ ဝေဖန်ပြောဆိုလိုက်သူကတော့ အစဉ်အလာကြီးပြီး ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ကာလ ကြာရှည် မဟာမိတ်လည်း ဖြစ်နေတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ဖြစ်တာကြောင့်လည်း ဝေဖန်ချက်က ပိုပြီး ဂယက်ရိုက်သွားစေပါတယ်။ သူပြောခဲ့တာကို အနှစ်ချုပ်လိုက်ရင် NLD ဟာ တိုင်းရင်းသားအရေးအတွက် အားမကိုးရတော့ဘူး ဆိုတာပါပဲ။ ဦးခွန်ထွန်းဦးက ဒီ စကားကို ဘာကြောင့်ပြောတာလဲ၊ လက်ရှိ NLD ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ တကယ်ပဲ တိုင်းရင်းသား အရေးအတွက် အားကိုးလို့ မရနိုင်တော့ဘူးလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ရန်ကုန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးမှာ ဦးခွန်ထွန်းဦး ပြောခဲ့တာက ခုလိုပါ။ “အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်၊ ထည့်လိုက်တဲ့အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး၊ တိုင်းရင်းသားတွေ အားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBFဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ပေါ့နော်” ဆိုပြီးဖြစ်ပါတယ်။

ဦးခွန်ထွန်းဦး ရည်ညွှန်းလိုတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ်အရ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက အမတ်နေရာ အများစု ရခဲ့တယ်၊ ဒါပေမယ့် တကယ့်တကယ် ပြည်နယ် ၀န်ကြီးချုပ်ခန့်တဲ့အခါ အမတ်နေရာ အများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီက တစ်ယောက်ယောက်ကို မခန့်ပဲ NLD အမတ် ဦးညီပု ကိုပဲ ခန့်ခဲ့တယ်။ ဒါဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒကို မလေးစားဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြောပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်လိုတဲ့ ဆန္ဒ ရှိပုံမရဘူး ဆိုတဲ့ သဘောမျိုး ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီအခြေခံ ရှုဒေါင့်ကကြည့်မယ်ဆို ဦးခွန်ထွန်းဦး ပြောတာ မှန်ပါတယ်။ ဒါပေမယ့်လည်း NLD အနေနဲ့ အစိုးရမဖွဲ့နိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်တွေကို ထည့်တွက်ပါမှ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာကြောင့် အဲလို ဆုံးဖြတ်ခဲ့ရသလဲ နားလည်နိုင်မယ် ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ရလာဒ်တွေ ထွက်ပေါ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့နိုင်ရေး ကိစ္စ ပါသလို၊ တပ်မတော်ဘက်က ပြည်နယ်နဲ့တိုင်း ၀န်ကြီးချုပ် (၄) နေရာ တာဝန်ယူလိုကြောင်း ညှိနှိုင်းတဲ့ အချက်လည်း ပါပါတယ်။ အဲဒီအထဲမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာလည်း ပါပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က အကြောင်းပြနိုင်တာကတော့ ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူး၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း အမြဲပဲ ဝေဖန်စောင့်ကြည့်နေတဲ့ နယ်မြေ ဖြစ်နေတယ်၊ ဒါကြောင့် တပ်မတော်ဘက်က ခန့်အပ်မယ့် ၀န်ကြီးချုပ်တစ်ယောက် တာဝန်ယူသင့်တယ် ဆိုပြီး ညှိနှိုင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ပြည်နယ်ဝန်ကြီးချုပ် တာဝန်တွေ တောင်းဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ငြင်းပယ်ခဲ့ပါတယ်။ တပ်မတော်ဘက်ကို ငြင်းပယ်ခဲ့ပြီးပြီမို့ အခြား ဘယ်အင်အားစုကိုမှ ဒီလို တာဝန်မျိုးတွေ မပေးပဲ NLD အမတ်တွေကို ပြည်နယ်နဲ့ တိုင်း ၀န်ကြီးချုပ်တွေအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အခြားအချက်အလက်တွေတောင် ရှိကောင်း ရှိနိုင်ပါတယ်။

ဒီနေရာမှာ စဉ်းစားဖို့ လိုတာက ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီကို ၀န်ကြီးချုပ်နေရာ မပေးတာလေး တစ်ခုထဲနဲ့ တိုင်းရင်းသားတွေ အနေနဲ့ NLD ကို အားကိုးလို့ မရတော့ဘူးလို့ ကောက်ချက်ချနိုင်မလား ဆိုတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဆိုင်ရာ ပြသနာကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရခြင်း၊ သယံဇာတ ခွဲဝေမှုမှာ မျှတမှု မရှိခြင်း၊ ပြည်နယ်တွေ ဆင်းရဲတွင်းနက်နေခြင်း စတဲ့ အချက်တွေကို အခြေခံတာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြသည်အထိ တိုင်းရင်းသားအရေး လှုပ်ရှားမှု ပြင်းထန်ခဲ့တာ တွေ့နိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်က စတယ် ဆိုပေမယ့် ဗိုလ်ချုပ်နေ၀င်း စစ်တပ်နဲ့ အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကစပြီး ပို ဆိုးရွားလာတယ် ဆိုရင်တော့ မှားမယ် မထင်ပါဘူး။ ဗိုလ်ချုပ်နေ၀င်းဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ မကြိုးစားသလို၊ တိုင်းပြည်ကိုလည်း တိုင်း(၇) ခုနဲ့ ပြည်နယ် (၇) အဖြစ် ဖွဲ့စည်းခဲ့တာမျိုးကိုလည်း သူ့လက်ထက်မှာ အကောင်အထည် ဖော်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က တကြော့ပြန် အာဏာသိမ်း တက်လာပြီး နောက်ပိုင်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာတော့ တိုင်းရင်းသား ပြသနာ မပြေလည်တဲ့အပြင် ပိုပြီး ဆိုးရွားလာတယ်လို့တောင် ပြောနိုင်ပါတယ်။ သူ့လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့ကို နိုင်ငံရေးအရ ဆွေးနွေးတာမျိုး မလုပ်ပဲ အပစ်အခတ် ရပ်စဲပြီး စီးပွားရေး လုပ်ခွင့်ပေးတဲ့နည်းနဲ့ တိုက်ခိုက်မှုတစ်ချို့ ရပ်စဲအောင် လုပ်တဲ့နည်း ကျင့်သုံးခဲ့ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ သူ့ဖာသာသူ ပျက်စီးသွားလိမ့်မယ်၊ အခြား တစ်ဖက်မှာလည်း ကရင့်လက်နက်ကိုင် တပ်ဖွဲ့ KNU လို အဖွဲ့မျိုးကို စစ်ရေးအရ ဖိပြီး တိုက်ခိုက်ခြေမှုန်းနိုင်လိမ့်မယ် လို့ တွက်ဆ ပြီး လုပ်ကိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ တပ်မတော်ကို ပြည်ထောင်စု တပ်မတော်ဖြစ်အောင် တည်ဆောက်ရမယ့်အစား ကရင်၊ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေ မပါတဲ့ ဗမာကြီးစိုးတဲ့ တပ်ဖြစ်အောင် စနစ်တကျ တည်ဆောက်ခြင်းပါပဲ။ တပ်မတော်ဟာ ပြည်ထောင်စု အသွင်မဆောင်ပဲ ဗမာ့စစ်တပ်လို ဖြစ်လေလေ၊ တိုင်းရင်းသား ပဋိပက္ခကို ဖြေရှင်းလို့ ခက်လေလေ အခြေအနေ ဆိုက်စေခဲ့ပါတယ်။ ခြုံပြီးပြောရရင် မြန်မာပြည်မှာ တိုင်းရင်းသား အရေး မဖြေရှင်းနိုင်တာဟာ စစ်အာဏာရှင် စနစ်ကြောင့်လို့ ပြောနိုင်ပါတယ်။

အခုလက်ရှိ တိုင်းပြည်ကို NLD အစိုးရက စီမံခန့်ခွဲ အုပ်ချုပ်ခွင့် ရနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို အစောဆုံး ပြောခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး တိုင်းရင်းသားအရေး ဖြေရှင်းဖို့ကိုလည်း လက်တွေ့ လုပ်ကိုင်နေပါတယ်။ တစ်တိုင်းပြည်လုံးမှာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီး တိုင်းရင်းသားပြသနာ အဖြေရှာရေး စတာတွေ အကောင်အထည် ဖော်နေတာဟာ တိုင်းရင်းသားအရေး ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။ ဒါတင်မက အစိုးရဖွဲ့ခွင့်ရလာတဲ့အခါ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၊ သယံဇာတ က ရလာတဲ့ အကျိုးကျေးဇူးတွေကို တိုင်းရင်းသားတွေ ခံစားခွင့်ရရေးကိုလည်း လုပ်ကိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် အားကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် တည်ဆောက်နေတာလဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ အနေနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ပြသနာ တစ်ခုထဲနဲ့ တိုင်းရင်းသားတွေအရေး အင်န်အယ်လ်ဒီ ကို အားမကိုးရတော့ဘူး ဆိုပြီး အထင်အမြင် လွဲတာမျိုး မဖြစ်သင့်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ တိုင်းရင်းသား တန်းတူရေးကို အကောင်အထည်ဖော်မယ့် ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

http://burmese.voanews.com/a/news-analysis-sithu-aungmyint-nld-ethnic/3333448.html?nocache=1