Wednesday, 30 March 2016
နိုင်ငံတော်သမ္မတဦးထင်ကျော်၏မိန့်ခွန်း။
လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့နိုင်ငံသူနိုင်ငံသားများခင်ဗျား ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကိုနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်ကပြည်ထောင်စုလွတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ များနဲ့ကိုက်ညီစွာဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ယခု အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမူဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင် သွားမှာဖြစ်ပါတယ်။
လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ကြသော ဂုဏ်သရေရှိ ဧည်သည့်တော်များ နဲ့ နိုင်ငံသူ၊နိုင်ငံသားများခင်ဗျား ... ဒီနေ့ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့ကတိသစ္စာကို ထိန်းသိမ်းရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့်တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက်အကောင်အထည်ပေါ်လာရေးအတွက် စိတ်ရှည် သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။ နိဂုံးချုပ်အားဖြင့်တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့မျှော်လင့်ချက်များ၊ ဆန္ဒများပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းအလေးအနက်ပြောကြားလိုခြင်းပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာ စွာနဲ့ မိမိတို့ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာလျောက်လှမ်းနိုင်ကြပါစေ။
Saturday, 26 March 2016
တော်လှန်ရေးနေ့
March 27th မတ်လ (၂၇) ရက် ဘာနေ့လည်း
တပ်မတော်နေ့လို့သာပြောကြသူများမယ်။ သမိုင်းရှိပါတယ်။ မတ်လ (၂၇) ရက်ဟာ (ဖက်ဆစ်တော်လှန်ရေးနေ့) ဖြစ်ခဲ့ပါတယ်။
နက်ဖြန် ဖက်ဆစ်ကိုတော်လှန်ကြမယ်။
ပုံ
(အောင်ဆန်း)
စစ်သေနာပတိချုပ်
ဖက်ဆစ်တော်လှန်ရေးမြန်မာ့တပ်မတော်
မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ
နှစ်ပါတ်လည်နေ့တွေပြောင်းတာက တော်လှန်ရေးနေ့တခုသာမကပါ။ ဇန္နဝါရီလ (၁) ရက်နေ့မှာ တောင်သူလယ်သမားနေ့ကို ကျင်းပခဲ့ရာကနေ ၂-၃-၁၉၆၂ ရက်နေ့မှာ တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာသိမ်းပြီး၊ ၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့ပါတယ်။
၂၅-၆-၂ဝ၁၄ နေ့သတင်း = မတ်လ (၂၇) ရက် တပ်မတော်နေ့ကို တော်လှန်ရေးနေ့ ပြန်လည်သတ်မှတ်ဖို့နဲ့ တောင်သူလယ်သမားနေ့ကို မတ်လ (၂) ရက်နေ့ကနေ ပြောင်းရွှေ့ကျင်းပဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ပုသိမ် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းရာမှာ အနှစ် ၅ဝ ကျော်ကျင်းပလာပြီး အနှစ်သာရနဲ့ ပြည့်ဝတဲ့အတွက် နေ့ရက်ပြောင်းလဲသတ်မှတ်ဖို့မလိုကြောင်း အစိုးရဘက်ကတုံ့ပြန်ဖြေကြားခဲ့ပါတယ်။
Nyo Htet Nyo တကယ်တော့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ဦးနုကဝန်ကြီးချုပ်၊ ဦးဗဆွေက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ အုပ်ချုပ်နေသည့် ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၅ ခုနှစ်တွင် ဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် တရုတ်ဖြူ ကျူးကျော်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင် စစ်ဆင်ရေးကို ဆင်နွဲသည်။ ၁၉၅၅ ခုနှစ်ဆန်းတွင် ရန်ကြီးအောင်စစ်ဆင်ရေးကို ဆင်နွဲသည်။ ထိုစစ်ဆင်ရေးကြီးများအပြီးတွင် တရုတ်ဖြူတပ်များ မြန်မာ့မြေပေါ်ရှိ အခိုင်အမာ စခန်းအားလုံးကို စွန့်လွှတ်ပြီး ဆုတ်ခွာသွားခဲ့ရသည်။ ထို့ကြောင့် ၁၉၅၅ မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း၊ ထိုနေ့ကို သတ်မှတ်ရာတွင် ဖက်ဆစ် ဂျပန်တို့အား အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ အောင်ဆန်းကွင်းတွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် စတင်ပြီး တပ်မတော်နေ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
Tint Swe ကမ္ဘာမှာ တပ်မတော်နေ့ရှိတဲ့နိုင်ငံပေါင်း (၅၅) နိုင်ငံရှိတယ်။ မြန်မာ့လွတ်လပ်ရေးတပ်မတော် Burmese Independence Army (BIA) ကို ၁၉၄၁ ဒီဇင်္ဘာလ ၂၈ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စတင်ဖွဲစည်းခဲ့တယ်။ ဂျပန်လက်ထက်မှာ Burma National Army (BNA) လို့ နာမည်ပြောင်းခံရတယ်။ ၂၆-၈-၁၉၄၂ မှာ Burma Defense Army (BDA) အဖြစ် ပြောင်းခဲ့ရပြန်တယ်။ ဗြိတိသျှပြန်ဝင်လာတော့ ၁၉၄၅ စက်တင်္ဘာလမှာ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့စာချုပ်အရ ပြင်ဖွဲ့တယ်။ British Burma Army နဲ့ Patriotic Burmese Force (PBF) တပ်နှစ်ခုထဲက စစ်သည်တွေကို အရေအတွက်သတ်မှတ်ချက်နဲ့ ပေါင်းလိုက်တာဖြစ်တယ်။ ဂျပန်ခေတ်က ဇန်နဝါရီ (၂) ရက်နေ့ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့တယ်။
၂၇-၃-၂ဝဝ၆ အဲဒီနေ့မှာ (နေပြည်တော်) ကို တိုင်းပြည်မြို့တော်လို့ ကြေညာခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
ဒေါ်စုရဲ့ M.A ဘွဲ့
ဒေါ်စုရဲ့ M.A ဘွဲ့ ကို စစ်ဖွတ်က ထိုးနှက်နေတာကို ဆိတ်တအုပ်ရှင်းနိုင်မလားလို့ စောင့်ကြည့်နေတာ၊ သူတို့မရှင်း/မရှင်းနိုင်တော့ စာရေးပျင်းသူက မနေသာ၊ ဝင်ပါရပြန်ပြီ။။
ကျနော် ရှင်းပြမယ်။
ဒေါ်စုဟာ အင်္ဂလန်မှာ ပထမ B.A ဘွဲ့ကို St. Hugh's College က ၁၉၆၇ မှာရတယ်။ ဒုတိယ M.A ဘွဲ့ကို ၁၉၆၈ ( တနှစ်အကြာမှာရတယ်။ အဲဒီမှာ မေးခွန်းတွေပေါ်တာပဲ)။ အဲဒါက အောက်စဖို့တက္ကသိုလ်။ နိုင်ငံရေး အထူးပြု။
နောက် ၁၉၅၈-၁၉၈၇အထိ တတိယ M. Phil ကို မြန်မာစာအထူးပြုပြီး သုသေတနလုပ်တယ်။ ဒါက လန်ဒန်တက္ကသိုလ်မှာ။ မပြီးစီးဘူး။
အဲဒီမှာ သုံးမျိုးရောပြီး မျက်စိလည်ကုန်တာပဲ။
ဒီလိုအသေကျက်။ B.A ဘွဲ့ ရတယ်။ M.A ဘွဲ့ ရတယ်။ M. Phil မရဘူး။
အဲ မေးခွန်းတခုက တစ်နှစ်အတွင်း M.A ဘွဲ့ ဘယ်လိုရသလဲ။
ဟုတ်ကဲ့။ အလွန်ထူးခြားတဲ့ လုပ်နည်းတခုပါ။ ကမ္ဘာပေါ်မှာ အောက်စဖို့အပါအဝင် ၃ တက္ကသိုလ်မှာပဲရှိပါတယ်။ B.A ဘွဲ့ ( ဂုဏ်ထူး ) ရရင် M.A ကို အလိုအလျှောက် အဆင့်မြင့်ပေးပါတယ်။ အကယ်ဒမစ် ဘွဲ့ပါ။ ဘွဲ့လွန်မဟုတ်ပါ။ စာမေးပွဲ ဖြေရန် မလိုပါ။ ၇ နှစ် ကြာရင် လျှောက်လွှာတင်နိုင်ပါတယ်။
ဟင် ! ဒေါ်စုက တနှစ်အတွင်း ဘယ်လိုရသလဲ။
၇ နှစ် ဆိုတာ တက္ကသိုလ်ဝင်စကနေ ရေတွက်တာ။ ဒေါ်စုက အောက်စဖို့ရောက်ပြီး ၄ နှစ် ( B.A ရပြီး တစ်နှစ်အကြာ ......) M.A. ရတယ်ဆိုတော့ မေးခွန်းထုတ်စရာပေါ်လာပါပြီ။
ခြွင်းချက်ရှိပါတယ်။ တက္ကသိုလ်မှာ အလုပ်ဝင်လုပ်ပေးရင် ဒါမှမဟုတ် ပညာရေးကဏ္တတခုခု၊ လေ့လာမှုတခုခုကို လုပ်ရင် M.A ဘွဲ့ ချီးမြင့်ဖို့ စဉ်းစားပါတယ်တဲ့။ ဒါကို "ပူးပေါင်းပါဝင်ခြင်း " နည်းစဉ်လို့ ခေါ်ပါသတဲ့။ ကျနော် မြန်မာမှုပြုရရင် လုပ်အားပေးခြင်း"ပေါ့။ မြန်မာလိုတွေးပြီး အလွယ်လေး မထင်ပါနဲ့။ ဘုတ်အဖွဲ့က ဆုံးဖြတ်တာပါ။
အဲဒီနည်းနဲ့ ဒေါ်စုက M.A ဘွဲ့ ရခဲ့တယ်လို့ ရှင်းပြ ပါရစေ။
.
.
အပေါ်က စာတွေဟာ အကြောင်းအကျိုးကို ရှင်းထားတာ။ သိပ်ပြီး ခေါင်းရှုပ်မခံချင်ရင် တချက်ထဲ ယူသွား။ အောက်စဖို့တက္ကသိုလ်ပုံနှိပ်ဌာန (Oxford University Press)က တည်ထောင်ထားတဲ့ Oxford Index မှာ ဒေါ်စု အကြောင်း ရေးထားတာရှိတယ်။ အဲဒီမှာ ဖော်ပြတဲ့ M.A. ဘွဲ့ရတဲ့ အချက်ကို စစ်ဖွတ်တွေကို နားရွက်ဆွဲပြီး ပြလိုက်။
ဟောဒီမှာ အောက်စဖို့က တရားဝင် ကြေညာထားတဲ့ http://oxfordindex.oup.com/view/10.1093/oi/authority.20110803095434453
အဲဒါမှ ဒွိဟများနေသေးရင် တတ်နိုင်ရင်တော့ Oxford University Press က ထုတ်ဝေတဲ့ Who's Who in the Twentieth Century ကို ဝယ်ဖတ်ပေါ့ဗျာ။ သေချာတာတော့ ဒေါ်စု M.A ဘွဲ့ရခဲ့တာ မြေကြီးလက်ခတ်မလွဲပဲ။ စဉ်းစားလေဗျာ။ နိုင်ငံတကာရော အောက်စဖို့ရော စောင့်ကြည့်နေတဲ့ သူတစ်ယောက်ပါ။ မဟုတ်ရင် ထအော်မယ့် နိုင်ငံတကာသတင်းဌာနတွေ ဖွကြမှာပေါ့။ ဘယ်ငြိမ်နေလိမ့်မတုံး။ အမေရိကန်သမတကိုတောင် အလွတ်မပေးတာဗျာ။
http://www.oxfordreference.com/view/10.1093/acref/9780192800916.001.0001/acref-9780192800916
-------------------------
ဟဲဟဲ ဒီရှင်းလင်းချက်ကို ဆိတ်တွေ ယူသုံးရင် အတုခိုးရင် မှီငြမ်းရင် ဆရာကြီး မင်းစိုးနိုင်လို့ ခရက်ဒစ်ပေးပါ၊ ကျန်လူတွေ သဘောရှိ ကူးနိုင်တယ်။ ခရက်ဒစ်မလို။
....
ကျနော် မြန်မာလိုရေးတာ မရှင်းရင်၊ ဘိုစာကို ဖတ်ပါ။ တချို့က (ဆိတ်တွေထင်တယ်) မြန်မာစာလဲ နားမလည်၊ ဘိုစာကိုလည်း မဖတ်ပဲ လာဆဲနေတယ်။ ငိငိ
.....
(အိန္ဒိယမှာ ယူခဲ့တဲ့ ဘွဲ့လဲရှိ၏။ ယင်းကို ထည့်မရေးပါ။ )
Credit : https://www.facebook.com/media/set/?set=a.960575974039525.1073741862.700803556683436&type=3
https://m.facebook.com/IrrawaddyBurmese/photos/a.142225162488311.26254.121507374560090/1202697993107684/?type=3
ထူးခြားတဲ့ လက်ဖက်ရည်ဝိုင်း
ရန်ကုန်၊ မတ် ၂၆၊ ၂၀၁၆
ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်၊ သူရဦးရွှေမန်း၊ ဦးဝင်းမြင့်တို့ ပါဝင်တဲ့ ဓာတ်ပုံလေးတပုံ Facebook ပေါ်မှာ ပျံ့နှံ့လာပြီး ယနေ့ နံနက်ကျင်းပတဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ရဲ့ အိမ်တက်မင်္ဂလာပွဲ ဖြစ်ပွဲ ဖြစ်ပုံရတယ်။ ဒီဓာတ်ပုံထဲမှာ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာဘက်မှာ ထိုင်နေပြီး သူရဦးရွှေမန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက်မှာ ရှိနေပါတယ်။ ချင်းဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက၊ ဦးဝင်းမြင့်၊ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းတို့ပါ ၀ိုင်းထိုင်နေတဲ့ သာမန် လက်ဖက်ရည်ဝိုင်းလေး တခုဖြစ်ပေမယ့် အနာဂတ်မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာမယ့် သူတွေချည်း စုထိုင်နေတဲ့ လက်ဖက်ရည်ဝိုင်းလေးဆိုရင်လည်း မမှားနိုင်ပါဘူး။
Credit : https://m.facebook.com/IrrawaddyBurmese/photos/a.142225162488311.26254.121507374560090/1202697993107684/?type=3
Friday, 25 March 2016
နိုင်ငံရေးဘောပွဲ
(ကိုသစ္စာ ဘောပွဲကြေညာသံဖြင့်ဖတ်ရန်😁)
ပရိသတ်ကြီးခင်ဗျာ...
ဘောလုံးကို ဦးနုက ရသွားတယ်ခင်ဗျ...။
(၁၉၄၈) ဆွဲတယ်။ ဆွဲပြေးပါတယ်။
ဦးနေ၀င်းဆီ ထိုးပေးလိုက်တယ်ခင်ဗျ။
(၁၉၅၈)ဦးနေ၀င်းကဆွဲလာပြီး ဝေ့တယ်ပတ်တယ် ပြီးတော့ ဦးနုဆီကို ပြန်ပေးတယ် ။
အော်...ဦးနေ၀င်းကပဲ ပြန်ယူလိုက်ပြန်ပါတယ်ခင်ဗျ။(၁၉၆၂)ဦးနေ၀င်းပဲ ဆက်ယူထားပါသေးတယ်ဗျ။(၁၉၇၄)ဘောလုံးက ကိုယ့်ဂိုးနားမှာပဲ ၀ဲလည် ၀ဲလည်ဖြစ်နေတယ်ခင်ဗျ။
ဘောလုံးကိုဆွဲပြေးရင်း ဦးနေ၀င်း မှောက်ရက် လဲသွားပါတယ်။
(၁၉၈၈)ဦးစိန်လွင် ရသွားတယ်ခင်ဗျာ။ ချက်ခြင်းပဲ ဒေါက်တာမောင်မောင်ဆီကို ပို့ပေးလိုက်ပါတယ်။ အဲ - ဦးစောမောင်ခြေထဲရောက်သွားပြန်ပါတယ်။
အဲ...သိပ်မကြာပြန်ပါဘူး ဦးစောမောင်ခြေထဲကနေ ဦးသန်းရွှေက အသာလေး ဆွဲယူထားလိုက်ပါတယ်။ သူ့ခြေထဲမှာပဲကိုင်ထားတယ် နည်းမျိုးစုံနဲ့ လှည့်တယ် ပတ်တယ် အလိမ်အခေါက်ကျွမ်းကျင်တယ်ခင်ဗျာ။ သူ့ခြေထဲမှာဘဲတော်တော်ကြာကြာကိုင်ထားတယ်ခင်ဗျ။ ဒေါ်စု ၀င်လာတယ်။ မရဘူးခင်ဗျ ။ လဲကျနေခဲ့ပါတယ်။ ဦးသန်းရွှေက ဘယ်သူ့မှ မပေးဘူးခင်ဗျ ။ လာလုတဲ့ သူတွေကို လှည့်ပတ်လိမ်ခေါက်နည်းမျိုးစုံနဲ့ လန်ထွက်သွားစေပါတယ်။
(မက်ဆီ ထိုင်ငိုလောက်တဲ့ လှည့်ပတ်ထွက်နည်းမျိုးစုံနဲ့ ကစားနိုင်ပါတယ်ခင်ဗျ)
ကိုယ့်နောက်တန်း လုံပြီထင်မှ ဦးသိန်းစိန်ဆီ ဘောလုံး ပို့ပေးလိုက်ပါတယ်။ (၂၀၁၀)
ဒေါ်စု ၀င်လုနေပြန်ပြီ ခင်ဗျ ။သူ့ဆီကို ထိုးပေးဘို့ တောင်းခံနေပါတယ်။ ၈၈ တွေကလည်း ယောင်ဝါးဝါးနဲ့ လိုက်နေတယ်ဗျ ။
(၂၀၁၅)ပွဲချိန်ပြီးခါနီးမှာတော့ အသင်းခေါင်းဆောင်ဦးရွှေမန်းကစားကွက်ကို မကြိုက်လို့ နောက်ကွယ်ကညွှန်ကြားနေတဲ့ နည်းပြကြီး ဘဘသန်းရွှေက ဦးဌေးဦးနဲ့ လူလဲကစားစေတယ်ဗျ။ ဦးစိုးသိန်းကလည်း ကွင်းလယ်အဖျက် ကစားသမားပီပီ ပြေးလမ်းကြောင်းမှာရှိနေတဲ့ အခြားကစားသမားတွေ ဘောလုံးမရရှိသွားရေးအတွက် တံတောင်နဲ့တွက်လိုက်၊ ခြေထိုးလိုက်နဲပေါ့ဗျာ။
ဟုတ်ကဲ့ပါခင်ဗျ....
အခုဆိုရင်ကွင်းထဲမှာ မိုးကလည်းအတော်သဲနေပါတယ်ဗျ။ တစ်ဖက်က ဒီမိုကရေစီ ဂိုးပေါက်နဲ့တော့ အတော် ဝေးနေပါသေးတယ်ခင်ဗျာ အတော်လေးကိုဝေးနေပါသေးတယ်ခင်ဗျ...
ဦးမင်းအောင်လှိုင်က ပွဲသိမ်းခရာ မှုတ်တော့မလားဆိုပြီး ပွဲကြည့်ရင်းလန့်နေရသေးတယ်ဗျ ။
ပွဲကြည့်ပရိတ်သတ်ပြည်သူလူထုကြီးကတော့ ဘယ်တော့ဂိုးဝင်မလဲဆိုတာကြည့်နေရင်း ရင်တမ မ နဲ့ပေါ့ ခင်ဗျာ....
Copy From - De Mo
မူရင်းတင်သူရေးသားထားချက်အား edit ပြန်လုပ်ထားပါတယ်ခင်ဗျာ...
လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့အချိန်မှာကိုပဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ
ပြီးခဲ့တဲ့နှစ်လလောက်က How to market yourself in a competitive world ဆိုတဲ့ ဟောပြောပွဲတစ်ခုသွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ Speaker တစ်ယောက်ဖြစ်တဲ့ ဆရာဦးမြင့်ဇော်က အခုခေတ်လုပ်ငန်းရှင်တွေ လိုချင်နေကြတဲ့ အရည်အချင်း(၉)ရပ်ဆိုတာကို ပြောပြသွားတယ်။ လူငယ်လူရွယ်တွေအားလုံး ပြင်ဆင်ထားနိုင်ဖို့ပါ။
၁) ဘာသာစကား (Global skills)
---------------------
သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုး သုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာတစ်မျိုးတည်းတောင် တော်တော်လုပ်နေကြရတုန်းပါ။ ကမ္ဘာသုံးဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် အဲဒီဘာသာစကားကိုကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။
၂) ကွန်ပျူတာ (Computing skill)
---------------------
Digital literacy လည်း တတ်ဖို့လိုပါတယ်။ ဖုန်းမှာ zapya သုံးပြီး ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး။ အစည်းအဝေးတွေမှာPresentation လုပ်ရင်လည်း ရှိသမျှစာတွေ ပြွတ်သိပ်ရေးထားတာ၊ power point ကို ကောင်းကောင်းမသုံးတတ်ကြတာ သတိထားမိပါတယ်။ ၀န်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်းတက်ထားကြောင်းတော့ Certificate ပေါင်းမြောက်များစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်းမသုံးတတ်ကြပါဘူး။
၃) မိမိအသိစိတ်ဖြင့် ဆောင်ရွက်တတ်ဖို့ (Initiative)
---------------------
ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ငယ်ငယ်က ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။
တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။
အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ ဆက်ပြီးရှင်သန်ချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်သိပြီး အလုပ်လုပ်တတ်ဖို့၊ မှားမှာကိုမကြောက်ဖို့ ရှေ့ဆက်ရဲဖို့ အလေ့အကျင့် တွေ မွေးယူကြရပါလိမ့်မယ်။
၎) အစီအစဉ်ဖြင့် အလုပ်လုပ်တတ်ဖို့ (Action planning)
---------------------
“Fail to plan, Plan to fail” အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ။ ဒီနေ့ခေတ်ဟာ result oriented ခေတ်ပါ။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။
ရလဒ်ထွက်အောင် လုပ်တတ်ဖို့ဆိုတာ ကိုယ်ဘာလိုချင်တာလဲ၊ ကိုယ်ဘာလုပ်ရမှာလဲ၊ ဒါတွေကို အရင်ဆုံးအစီအစဉ်ဆွဲထားဖို့ လိုပါတယ်။ ဘ၀တစ်ခုလုံးစာ ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အိပ်မက်ကြီးကြီး အရင်မက်ပါ။
ပြီးမှ အဲဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့ နောင်(၁၀)နှစ်မှာ ဘာဖြစ်ရမယ်၊ နောင်(၅)နှစ်၊ (၁)နှစ်ကနေ နောက်ဆုံး၊ မနက်ဖြန် ဘာလုပ်မယ်၊ ဘာတွေပြီးမြောက်ရမယ်ဆိုတဲ့ အစီအစဉ်မျိုးတွေဆွဲပြီး အလုပ်လုပ်တတ်ဖို့ လိုပါမယ်။ မဟုတ်ရင်တော့ ဘယ်နားကမ်းကပ်ရမှန်းမသိတဲ့လှေလို တစ်ဝဲလည်လည်နဲ့ပဲ အချိန်ကုန်သွားရပါလိမ့်မယ်။
၅) ဖြန့်ကျက်စဉ်းစားတတ်ဖို့ (Critical thinking)
---------------------
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊ ဆုံးဖြတ်တတ်ကြတယ်။ စာလည်းတအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ စဉ်းစားတတ်ကြပါတယ်။
ကျွန်တော်တို့တွေလို မြေပုံလေးထိုင်ကြည့်ပြီး စီမံချက်တွေ ဆွဲနေကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။
၆) ပရော်ဖက်ရှင်နယ် ပီသဖို့ (Professionalism)
---------------------
ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ဟာ ဆေးကုသတဲ့ပညာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနေရပါမယ်။ အမြဲမပြတ်လည်း လေ့ကျင့်နေ၊ ဆည်းပူးနေဖို့ လိုပါတယ်။ အိပ်ရေးပျက်တာ၊ ထမင်းစားပျက်တာ၊ စိတ်ဖိစီးစရာအခြေအနေတွေမှာ အလုပ်လုပ်ရတာ၊ ဒါတွေကို ညည်းညူနေလို့ မရပါဘူး။
ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ယူထားတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ရပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်လုပ်နေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကိုနောက်ပို့ထားနိုင်ဖို့ပါပဲ။
၇) စိတ်အားထက်သန်မှု ရှိဖို့ (Enthusiasm)
---------------------
ရောက်တဲ့နေရာမှာ ကျေနပ်ပြီး ရပ်မနေကြဖို့ လိုပါတယ်။ အလုပ်လေးတစ်ခု ရရင်၊ လစာလေးပုံမှန်ရနေရင် တော်ပြီဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ ရည်မှန်းချက်က ရပ်သွားတော့ ကြိုးစားအားထုတ်မှုတွေ၊ လေ့လာမှုတွေလည်း ရပ်သွားတတ်ပါတယ်။
တကယ်တော့ လူတစ်ယောက် ဘယ်ရောက်နေပြီလဲဆိုတာထက် သူဘယ်အထိရောက်အောင်သွားဖို့ သန္နိဌာန်ချထားလဲဆိုတာက သူ့အနာဂတ်ကို အဓိကအဆုံးအဖြတ်ပေးသွားမှာပါ။ တိုးတက်လိုစိတ်၊သင်ယူလိုစိတ် ပြင်းပြဖို့ လိုပါတယ်။
၈) စီမံခန့်ခွဲမှု အရည်အချင်း (Management)
---------------------
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။
စီမံခန့်ခွဲမှုအရည်အသွေး(၃)ခု ရှိပါတယ်။
~~~
Technical skill - ပစ္စည်းတစ်ခု ဘယ်လိုထုတ်လုပ်ရမယ်၊ ကားကို ဘယ်လိုပြင်ရမယ်၊ စက်ကိရိယာတွေ ဘယ်လိုအသုံးပြုလို့ရတယ် စသဖြင့် ဒီလိုလုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံတွေကို သိထားရပါတယ်။
Human skill - လူတွေနဲ့အလုပ်အတူတွဲလုပ်တတ်ဖို့၊ လှုံ့ဆော်စည်းရုံးတတ်ဖို့၊ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ ဆိုတဲ့အရည်အချင်းမျိုးတွေ ရှိဖို့လိုပါတယ်။
Conceptual skill - အဖွဲ့အစည်းရဲ့ အကျိုးအတွက် ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်တတ်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။
ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။
စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။
၉) စိတ်ဖိစီးမှုကို သည်းခံနိုင်ဖို့ (Stress tolerance)
---------------------
ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေအရမ်းများလို့ ကြောက်လန့်ြ့ပီးငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ အဲဒီ stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လိုဆရာဝန်လုပ်လို့ ရမလဲ တဲ့။
ဆရာဝန်ဘ၀ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။
ဆရာဝန်မှမဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ၊ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီး များလာမှာ ဖြစ်ပါတယ်။ အလုပ်နဲ့ဘ၀မှာ ဘယ်လိုအခက်အခဲတွေ စိတ်ညစ်စရာတွေပဲကြုံလာလာ၊ ဒါတွေဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီး ရအောင်ကျော်လွှားနိုင်ဖို့ လိုပါတယ်။
အခွင့်အရေးဆိုတာ စိတ်ကူးပေါက်မှ ရောက်ရောက်လာတတ်တဲ့၊ စိတ်သိပ်မရှည်တဲ့ ဧည့်သည်နဲ့တူပါတယ်။ သူ တံခါးခေါက်နေတုန်း မြန်မြန်လာဖွင့်ရင်ဖွင့်ပေး၊ မဟုတ်ရင်တော့ လှည့်ပြန်သွားတတ်ပါတယ်။ ပြီးရင် ဘယ်တော့မှ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာလည်း မသိနိုင်ပါဘူး။
ခု အဲဒီဧည့်သည်ကတော့ လာဖို့ရှိနေပြီ။ သူ့ကိုပြေးကြိုမဲ့ တခြားလူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီမို့ ကျွန်တော်တို့တွေလည်း သူ တံခါးခေါက်တာနဲ့ ဖွင့်ပေးနိုင်အောင် ခုကတည်းကတော့ ပြင်ဆင်ထားရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
Credit- ကျောက်သင်ပုန်း