(ကိုသစ္စာ ဘောပွဲကြေညာသံဖြင့်ဖတ်ရန်😁)
ပရိသတ်ကြီးခင်ဗျာ...
ဘောလုံးကို ဦးနုက ရသွားတယ်ခင်ဗျ...။
(၁၉၄၈) ဆွဲတယ်။ ဆွဲပြေးပါတယ်။
ဦးနေ၀င်းဆီ ထိုးပေးလိုက်တယ်ခင်ဗျ။
(၁၉၅၈)ဦးနေ၀င်းကဆွဲလာပြီး ဝေ့တယ်ပတ်တယ် ပြီးတော့ ဦးနုဆီကို ပြန်ပေးတယ် ။
အော်...ဦးနေ၀င်းကပဲ ပြန်ယူလိုက်ပြန်ပါတယ်ခင်ဗျ။(၁၉၆၂)ဦးနေ၀င်းပဲ ဆက်ယူထားပါသေးတယ်ဗျ။(၁၉၇၄)ဘောလုံးက ကိုယ့်ဂိုးနားမှာပဲ ၀ဲလည် ၀ဲလည်ဖြစ်နေတယ်ခင်ဗျ။
ဘောလုံးကိုဆွဲပြေးရင်း ဦးနေ၀င်း မှောက်ရက် လဲသွားပါတယ်။
(၁၉၈၈)ဦးစိန်လွင် ရသွားတယ်ခင်ဗျာ။ ချက်ခြင်းပဲ ဒေါက်တာမောင်မောင်ဆီကို ပို့ပေးလိုက်ပါတယ်။ အဲ - ဦးစောမောင်ခြေထဲရောက်သွားပြန်ပါတယ်။
အဲ...သိပ်မကြာပြန်ပါဘူး ဦးစောမောင်ခြေထဲကနေ ဦးသန်းရွှေက အသာလေး ဆွဲယူထားလိုက်ပါတယ်။ သူ့ခြေထဲမှာပဲကိုင်ထားတယ် နည်းမျိုးစုံနဲ့ လှည့်တယ် ပတ်တယ် အလိမ်အခေါက်ကျွမ်းကျင်တယ်ခင်ဗျာ။ သူ့ခြေထဲမှာဘဲတော်တော်ကြာကြာကိုင်ထားတယ်ခင်ဗျ။ ဒေါ်စု ၀င်လာတယ်။ မရဘူးခင်ဗျ ။ လဲကျနေခဲ့ပါတယ်။ ဦးသန်းရွှေက ဘယ်သူ့မှ မပေးဘူးခင်ဗျ ။ လာလုတဲ့ သူတွေကို လှည့်ပတ်လိမ်ခေါက်နည်းမျိုးစုံနဲ့ လန်ထွက်သွားစေပါတယ်။
(မက်ဆီ ထိုင်ငိုလောက်တဲ့ လှည့်ပတ်ထွက်နည်းမျိုးစုံနဲ့ ကစားနိုင်ပါတယ်ခင်ဗျ)
ကိုယ့်နောက်တန်း လုံပြီထင်မှ ဦးသိန်းစိန်ဆီ ဘောလုံး ပို့ပေးလိုက်ပါတယ်။ (၂၀၁၀)
ဒေါ်စု ၀င်လုနေပြန်ပြီ ခင်ဗျ ။သူ့ဆီကို ထိုးပေးဘို့ တောင်းခံနေပါတယ်။ ၈၈ တွေကလည်း ယောင်ဝါးဝါးနဲ့ လိုက်နေတယ်ဗျ ။
(၂၀၁၅)ပွဲချိန်ပြီးခါနီးမှာတော့ အသင်းခေါင်းဆောင်ဦးရွှေမန်းကစားကွက်ကို မကြိုက်လို့ နောက်ကွယ်ကညွှန်ကြားနေတဲ့ နည်းပြကြီး ဘဘသန်းရွှေက ဦးဌေးဦးနဲ့ လူလဲကစားစေတယ်ဗျ။ ဦးစိုးသိန်းကလည်း ကွင်းလယ်အဖျက် ကစားသမားပီပီ ပြေးလမ်းကြောင်းမှာရှိနေတဲ့ အခြားကစားသမားတွေ ဘောလုံးမရရှိသွားရေးအတွက် တံတောင်နဲ့တွက်လိုက်၊ ခြေထိုးလိုက်နဲပေါ့ဗျာ။
ဟုတ်ကဲ့ပါခင်ဗျ....
အခုဆိုရင်ကွင်းထဲမှာ မိုးကလည်းအတော်သဲနေပါတယ်ဗျ။ တစ်ဖက်က ဒီမိုကရေစီ ဂိုးပေါက်နဲ့တော့ အတော် ဝေးနေပါသေးတယ်ခင်ဗျာ အတော်လေးကိုဝေးနေပါသေးတယ်ခင်ဗျ...
ဦးမင်းအောင်လှိုင်က ပွဲသိမ်းခရာ မှုတ်တော့မလားဆိုပြီး ပွဲကြည့်ရင်းလန့်နေရသေးတယ်ဗျ ။
ပွဲကြည့်ပရိတ်သတ်ပြည်သူလူထုကြီးကတော့ ဘယ်တော့ဂိုးဝင်မလဲဆိုတာကြည့်နေရင်း ရင်တမ မ နဲ့ပေါ့ ခင်ဗျာ....
Copy From - De Mo
မူရင်းတင်သူရေးသားထားချက်အား edit ပြန်လုပ်ထားပါတယ်ခင်ဗျာ...
No comments:
Post a Comment