လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနဲ့နိုင်ငံသူနိုင်ငံသားများခင်ဗျား ဒီပြည်ထောင်စုလွှတ်တော်ကြီးက ကျွန်တော့်ကိုနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားတာဟာ အထင်ကရ သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်များစွာ ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်လာတာနဲ့အညီ ကျွန်တော်ကပြည်ထောင်စုလွတ်တော်ကို တာဝန်ခံရမယ့်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကြောင့် ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ် လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒ များနဲ့ကိုက်ညီစွာဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ယခု အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမူဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင် သွားမှာဖြစ်ပါတယ်။
လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ကြသော ဂုဏ်သရေရှိ ဧည်သည့်တော်များ နဲ့ နိုင်ငံသူ၊နိုင်ငံသားများခင်ဗျား ... ဒီနေ့ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျွန်တော်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့ကတိသစ္စာကို ထိန်းသိမ်းရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့်တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက်အကောင်အထည်ပေါ်လာရေးအတွက် စိတ်ရှည် သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း သိနားလည်ထားပါတယ်။ နိဂုံးချုပ်အားဖြင့်တင်ပြချင်တာကတော့ ယခုပေါ်ပေါက်လာတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့မျှော်လင့်ချက်များ၊ ဆန္ဒများပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းအလေးအနက်ပြောကြားလိုခြင်းပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာ စွာနဲ့ မိမိတို့ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာလျောက်လှမ်းနိုင်ကြပါစေ။
Wednesday, 30 March 2016
နိုင်ငံတော်သမ္မတဦးထင်ကျော်၏မိန့်ခွန်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment