Friday, 6 May 2016

ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါကိုထိတ်လန်.နေသောအာဆီယံဝန်ကြီးများ

ဒေါအောင်ဆန်းစုကြည်၏အရှိန်အ၀ါကိုထိတ်လန်.နေသောအာဆီယံဝန်ကြီးများ (သို.မဟုတ်)
မယောင်ရာဆီလူးတဲ. စထရိတ်တိုင်းသတင်းစာ

သရ၀ဏ်(ပြည်)

မကြာမီရက်ပိုင်းအတွင်းက စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာတွင် ဆောင်းပါးတပုဒ်ဖတ်ရပါသည် ။ ဆောင်းပါးရေးသူက ထိုင်းနိုင်ငံ နေးရှင်းသတင်းစာမှ ကော်လံစားသတင်းထောက် ၊ Asia News Network မှာလည်းအလုပ်လုပ်သူ ထိုင်းလူမျိုး ကာဝီ ချောင်ကစ်တာဗွန်း ဖြစ်သည် ။ သူ.ဆောင်းပါးကိုဖတ်ကြည်.သောအခါ အနှစ်သာရကင်းမဲ.ပြီး မြန်မာနိုင်ငံမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို  သူငယ်နှပ်စားသဖွယ် နှိမ်.ချဝေဖန်ရေးသားထားရင်း သူတို.၏ ဒေါ်အောင်ဆန်းစုကြည်အပေါ်အရည်အချင်းပိုင်းတွင် မယှဉ်နိုင်ပဲ အငုံ.စိတ်ဝင်ကာကြောက်ကန် ကန်ပြီး ပြောဆိုထားတာကိုသာသတိထားမိလေသည် ။ ဆောင်းပါးအမည်မှာ အာဆီယံအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အတွက်ဆောင်ရန်ရှောင်ရန် အချက် (၁၀)ချက် ဖြစ်သည်  ။သူတို.သည်ဒေါ်အောင်ဆန်းစုကြည်၏အရည်အချင်းကိုလည်း မျက်ကွယ်ပြု၍မရကြောင်းသဘောပေါက်နားလည်ကြသည် ။ သူတို.ထက်သာသွားမှာကိုလည်း မခံချိမခံသာဖြစ်နေကြောင်းဆောင်းပါးပါရေးသားချက်များကပေါ်လွင်နေပါသည် ။  မည်သို.ပင်ရှိစေ ကိုယ်.နိုင်ငံမှခေါင်းဆောင်တယောက်ကို ထိုင်းနိုင်ငံမှ သတင်းထောက်ဆိုသူနှင်. စင်္ကာပူနိုင်ငံမှ သတင်းစာတို.ပေါင်း၍ တက်ညီလက်ညီ ပူးပေါင်းတိုက်ခိုက်နေကြခြင်းကို မြန်မာစာဖတ်ပ၇ိသတ်များသိသင်.သည်ထင်သဖြင်. ၎င်းတို.၏ အာဘော်ဆောင်းပါးမူရင်းပါအချက် ၁၀ ချက်ကိုဖော်ပြရင်း စာရေးသူကျွန်တော်သရ၀ဏ်(ပြည်) ၏ ယူဆချက်များကိုလည်းတပါတည်းရှင်းလင်းတင်ပြအပ်ပါသည် ။ ရှင်းလင်းစေရန် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆကို ကွင်းစကွင်းပိတ်ဖြင်.ဖော်ပြပါမည် ။ မူရင်းဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် အာဆီယံထိပ်သီးဆွေးနွေးပွဲသို.လာမည်. ဇွန်လတွင် တက်ရောက်ရတော.မည်ဖြစ်ရာ အစည်းအဝေးသို.လာရောက်သောအခါ ဆောင်ရန်ရှောင်ရန်အချက်ဆယ်ချက်ရှိကြောင်းအောက်ပါအတိုင်းရေးသားထားပါသည် ။

        သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံ မိသားစုအဖွဲ.ကြီး၏နှစ်ပါတ်လည် ၀န်ကြီးအဆင်.အစည်းအဝေးတွင် ကမ္ဘာ.ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရသူတဦး ၊ ကမ္ဘာတွင်အကျော်ကြားဆုံးသောနိုင်ငံရေး ပုံရိပ်ပိုင်၇ှင်တဦး ကိုတွေ.ရပါတော.မည် ။ မြန်မာနိုင်ငံခြာရေးဝန်ကြီးအသစ်ဒေါ်အောင်ဆန်းစုကြည်သည် အတိတ်က သူ.အပေါ်သိပ်မနွေးထွေးခဲ.သောအာဆီယံအဖွဲ.ကြီး၏အကြောင်းအနည်းအပါးတော.သိထားဖိုးလိုမည်ဖြစ်သည် ။

(၁) စုကြည်သည် ကိုယ်.ကိုယ်ကို နှိမ်.ချတတ်ဖို.တော.လိုမည်ဖြစ်သည် ။ ၁၉၉၀ မှစကာ သူမသည် တကမ္ဘာလုံး၏အာရုံစိုက်မှုကိုခံခဲ.ရသည် ။ကမ္ဘာ.သတင်းမီဒီယာများ၏ ထိပ်တန်းသတင်းဖြစ်ခဲ.သည် ။ဒီမိုကရေစီအွက် မြန်မာမှာသာမက တကမ္ဘာလုံးမှာပါအားတက်ဖွယ် ခေါင်းဆောင်ဖြစ်ခဲ.သည် ။ ငြိမ်းချမ်းရေးနိုဗယ် ဆုရထားသူတယောက်အနေနှင်. သူမသည် တကမ္ဘာလုံး၏အသိအမှတ်ပြုမှုကိုရရှိထားပြီးဖြစ်သည် ။ အခြားအားဆီယံနိုင်ငံခြားရေးဝန်ကြီးများတွင်ထိုကျော်ကြားမှုမျိုးဘယ်တုန်းကမှမရှိပါ  ( ဤကိစ္စမှာထိုင်းဆောင်းပါးရှင် နှင်.အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အငုံ.စိတ်သက်သက်ဖြစ်နေပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ဘ၀င်မြင်.နေသည် ၊မာနကြီးနေသည်ဟု မပြောသော်လည်း ထိုသဘောသက်ရောက်နေပါသည် ။ နှိမ်.ချသည်ဆိုရာတွင် မည်သည်.အတိုင်းအတာအထိနှိမ်.ချရမည်နည်းဆိုသည်မှာလည်း မရှင်းလင်းသောကိစ္စဖြစ်သည် ။ နိုင်ငံတနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး ၊ ကမ္ဘာ.အဆင်.ခေါင်းဆောင်တယောက်သည် ရုံးလုလင်ပြာတာတယောက်၏ နှိမ်.ချခြင်းမျိုးတော. ရှိနိုင်မည်မဟုတ်ပေ ) ။

(၂)       အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တရားဝင်အစည်းအဝေးမစတင်မီ တညကြိုတင်၍ အလွတ်သဘောညစာစားရင်းတွေ.ဆုံလေ.ရှိကြပါသည် ။ ထိုညစာစားပွဲတွင် အစည်းအဝေးတွင် တင်ပြပြောဆိုရမည်.ကိစ္စများထဲမှ စိုးရိမ်ပူပန်မှုဖြစ်ရသည်.ကိစ္စများ ၊ အလွတ်သဘောချီးကျူးလိုသည်.ကိစ္စများကိုပြောဆိုကြပါသည် ။ အချို.အလွန်အရေးပါသောကိစ္စများရှိခဲ.လျှင် အာဆီယံဝါရင်.ခေါင်းဆောင်များက ညစာစားပွဲမတိုင်မီ မိန်.ခွန်းတွင်ထည်.သွင်းပြောကြားလေ.ရှိပါသည် ။ ညစာစားပွဲတွင် သောတူညီချက် ဆုံးဖြတ်ချက်အကြမ်းဖျင်းများရရှိတတ်ပြီး နောက်တနေ.အစည်းအဝေးကြီးတွင် လူသိရှင်ကြား သောတူဆုံးဖြတ်ကြရန်ဖြစ်သည် ။ ( အစည်းအဝေးမစမီတညကြိုပြီး ညစာစားရင်းအလွတ်သဘောဆွေးနွေးကြ ဆိုသည်မှာ ဘာမှမထူးဆန်းသောကိစ္စဖြစ်သည် ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတိုင်း ၊ လေ.လာသူတိုင်းသိပြီးကိစ္စဖြစ်၍ ဘာအတွက်ရေးကြီးခွင်ကျယ် ဒေါ်အောင်ဆန်းစုကြည်အား မှာကြားနေသလဲစဉ်းစား၍မရပေ ) ။

(၃)        ဒေါ်အောင်ဆန်းစုကြည်သိထားရမည်မှာ အာဆီယံသည် ဆုံးဖြတ်ချက်တိုင်းကို အဖွဲ.၀င်နိုင်ငံ အားလုံးတညီတညွတ်တည်းအများသဘောတူမှဆုံးဖြတ်ချက်ချလေ.ရှိသည် ဆိုခြင်းဖြစ်သည် ။ထိုအချက်အရ မည်မျှပင်အချိန်ကြာမြင်.သည်ဖြစ်စေ ဆုံးဖြတ်ချက်တခုကိုအားလုံးသဘောတူလာအောင်အချိန်ယူဆွေးနွေးပြီးမှဆုံးဖြတ်လေ.ရှိသည် ။ လွတ်လပ်စွာဆုံးဖြတ်လုပ်ကိုင်တတ်သော သူမ၏စိတ်နေသဘောထားအရ ဤအချက်မှာ သူမအတွက် ခက်ခဲမှုတခုဖြစ်လာစရာရှိပါသည် ။ (  အာဆီယံအဖွဲ.ကြီးသည် အသံသာမြည်ပြီးအဆန်မရှိသောအဖြစ်၏အဓိကလက်သယ်တရားခံမှာ ဤမူဝါဒကြောင်.ပဲဖြစ်သည် ။ ကိစ္စတခုတွင် ၁၀၀ ရာခိုင်နှုန်း အားလုံးသဘောတူမှအတည်ဖြစ်သည်ဆိုသည်မှာ ဘာမှဖြစ်မလာနိုင်သည်.၀ါဒဖြစ်သည် ။ လူဆယ်ယောက်ရှိရာတွင် ကိုးယောက်ကသဘောတူသော်လည်း တယောက်က ကန်.လန်.တိုက်နေလျှင် ရှေ.မဆက်နိုင်သော မူဝါဒမှာ အာဆီယံ၏ မူဝါဒဖြစ်သည် ။ အာဆီယံသည်ထို ၀ါဒလှောင်အိမ်ထဲတွင်ပိတ်မိနေသည်.အပြင် သူတပါးပြည်တွင်းရေးကို ၀င်မစွက်ရေးဆိုသော ထမင်းရေပူလျှာလွဲ ၀ါဒအရ မြန်မာနိုင်ငံတွင် ပြည်သူလူထုကဒီမိုကရေစီအပြင်းအထန်တောင်းဆိုနေသည်.ကာလမှာပင် မြန်မာပြည်သူများကိုလစ်လျှူရှုကာ စစ်အစိုးရနှင်. ပလဲနံပသင်.ခဲ.သည် ။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် ကျခံနေရသောကာလများတွင် ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂ စသည်.အဖွဲ.အစည်းများ လူပုဂ္ဂိုလ်များကဒေါူ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို.တောင်းဆိုခဲ.ကြသော်လည်း အာဆီယံသည်ဘယ်တော.မှမပါဝင်ခဲ.ပေ ။အာဆီယံသည်မြန်မာနိုင်ငံ၏ဒီမိုကရေစီရေး၊ လူ.အခွင်.အရေး ၊ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတိုက်ပွဲတွင်  လူမိုက်အားပေးဝါဒကိုသာကိုင်စွဲကာ စစ်အစိုးရနှင်.ပေါင်းကာ တုံဏှိဘာဝေလုပ်နေကြသူများဖြစ်သည် ) ။

(၄)      အာဆီယံတွင် ယခုနှစ်တွင် လာအိုနိုင်ငံ၏ ဥက္ကဌတာဝန်ထမ်းဆောင်မှုအောက်တွင် ထူးခြားသောနှစ်တနှစ်ဖြစ်သည် ။ အာဆီယံသည် အမေရိကန်ပြည်ထောင်စု ၊ ရုရှား နှင်. တရုတ် ဟူသော အင်အားကြီးနိုင်ငံများနှင်. ထိတွေ.ဆက်ဆံရမည်ဖြစ်သည် ။ ကမ္ဘာ.ခေါင်းဆောင်မျာနှင်. အစည်းအဝေးများစွာကျင်းပသောအခါ ကမ္ဘာ.အရေးအရာများတွင် ဒေါ်အောင်ဆန်းစုကြည်၏အမြင်သည် အာဆီယံအတွက် အသုံးဝင်နိုင်ပါသည် ။ အာဆီယံ၏အမြင်ကို မိမိအမြင်များဖြင်. လိုက်လျောညီထွေဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်နှင်.မြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်ဖို.အရေးကြီးပါသည် ( တနည်းအားဖြင်. ပြောနေသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ.အတွေ.အကြုံကြွယ်ဝသော်လည်း ကိုယ်.ဆုံးဖြတ်ချက်နှင်.ကိုယ် မလုပ်ဆောင်ပဲ အာဆီယံ၏ သြဇာကိုနာခံဖို.ပဲဖြစ်သည် ။ ကမ္ဘာ.ခေါင်းဆောင်များသည် အာဆီယံအမြင်ထက် ဒေါ်အောင်ဆန်းစုကြည်အမြင်ကိုပဲအလေးထားဆုံးဖြတ်ကြမှာကို ကျန်နိုင်ငံများကစိုးရိမ်နေကြသည်မှာ အထင်အရှားဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ရုရှားနှင်.သိပ်မရင်းနှီးသော်လည်း ဂျပန်၊အမေရိကန် ၊ ဗြိတိန် ၊ ဥရောပနိုင်ငံခေါင်းဆောင်များနှင်.ရင်းနှီုးပီးသားဖြစ်ရာ ထိုနိုင်ငံများ ဒေါ်အောင်ဆန်းစုကြည်နှင်.သာ ပိုမိုဆွေးနွေးတိုင်ပင်ကြမှာကို မလိုလားမှုကိုတွေ.ရပါ၏  ) ။

(၅)       ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံတွင် လူသစ်ဖြစ်သည်နှင်.အညီ အခြား အာဆီယံလုပ်ဖောကိုင်ဘက်များကိုလည်း အလေးထားဖို.လိုမည်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်အနှစ်နှစ်ဆယ်ခန်.ရရှိထားသော ကမ္ဘာ.အဆင်.ကျော်ကြားမှုမျိုး ၊ နိုင်ငံတကာအဆင်. အာရုံစိုက်ခံရခြင်းမျိုး အခြားအာဆီယံခေါင်းဆောင်တွေမှာ မရှိကြူးဆိုတာ သူမအနေဖြင်. သတိပြုဖို.လိုမည်ဖြစ်သည် ( ဤနေရာတွင်လည်း ရှေ.ပိုင်းကရေးသားခဲ.ပြီးသော အာဆီယံနိုင်ငံခေါင်းဆောင်များ၏သိမ်ငယ်စိတ်နှင်.  ရှို.တို.ရှန်းတန်းဖြစ်မှု ၊ ကမ္ဘာ.အဆင်.ကစားသမားနှင်.တသင်းထဲကစားရမည်. ရပ်ကွက်အဆင်. ဘောလုံးသမားများ၏  အားငယ်မှုမျိုးကိုခန်.မှန်းတွက်ချက်၍ ရနိုင်ပေ၏ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငါမှငါဟုဆိုကာ အခြားဝန်ကြီးများကိုဖုတ်လေသည်.ငါးပိ ဂရုစိုက်စရာမလိုသည်. ပုံစံမျိုးလည်း မပြုမူမှာသေချာပါသည် ။ ဤအချက်နံပါတ်ငါးသည် သူတို.၏အငုံ.စိတ်ကိုထုတ်ဖော်ပြသရာရောက်နေပေ၏ ) ။

(၆)        ဒေါ်အောင်ဆန်းစုကြည်နှင်.သူ၏လက်ထောက်များသည် အာဆီယံနှင်.ပါတ်သက်သော စာရွက်စာတမ်းများကို သေသေချာချာကြိုတင်လေ.လာထားသင်.၏ ။အထူးသဖြင်. အာဆီယံ၏တရားဝင်ထုတ်ပြန်ချက်များနှင်. ဥက္ကဌ၏ သဘောထားကြေငြာချက်များကို ဂဃနဏ နားလည်ထားမှသာ အဖွဲ.အစည်းစိတ်ဓါတ် ၊ အဖွဲ.၏ နေရာအနေအထား ၊ ကမ္ဘာကိုယ်လိုတုန်.ပြန်ရွေးချယ်မလဲဆိုတာတွေ၏အနှစ်သာရကိုသဘောပေါက်လိမ်.မည် ။စကားပြောခြင်းနှင်. စာရေးသားထုတ်ပြန်ခြင်းသည် အာဆီယံသံတမန်နည်းလမ်း၏ ယဉ်ကျေးမှုဖြစ်သည် ( အာဆီယံသည် ၀န်ကြီးအသစ်တယောက်ဖြစ်တိုင်း ထိုသို.လင်ချာရိုက်ခွင်. မရှိဟုထင်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကိုပါတ်၍မိန်.ခွန်းပြောလာသူဖြစ်ရာ စကားကိုဘယ်လိုပြောရမည်တို. ၊စာကိုဘယ်လိုရေးရမည်တို.သည် အခြားနိုင်ငံများမှမအူမလည်ဝန်ကြီးများကိုသာ ဆုံးမသြ၀ါဒပေးသင်.လေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏လက်ထောက်များမှာလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀ါရင်.၀န်ထမ်းများပင်ဖြစ်ရာ သူတို.ပြောသောကိစ္စများမှာ မယောင်ရာဆီလူးသော အကြံပေးချက်ဖြစ်သည်  ) ။

(၇)      ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် သမ္မတအထက်က နေရာတွင်ရှိသော်လည်း ၊ အာဆီယံတွင် အခြားဝန်ကြီးအားလုံး၏ အထက်ကနေလို.မရပါ ။ နိုင်ငံခြားရေးဝန်ကြီးအနေနှင်. အစည်းအဝေးလာတက်သောအခါ စည်းဝေးဆုံးဖြတ်ချက်များတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်လို.မရပါ ။ ထိုရာထူးနှစ်ခုကို အာဆီယံအစည်းအဝေးတက်နေစဉ် သတ်မှတ်ပိုင်းခြားထားသင်.ပေသည် ။( ဤကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုသည်.ကိစ္စများ ၊ အခြားဝန်ကြီးများ ၏သိမ်ငယ်စိတ်များမှမြစ်ဖျားခံလာပေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါအလွန်ကြီးနေခြင်းက အခြားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုသိမ်ငယ်စိတ်ဝင်လာစေသည် ။ထို.ကြောင်.ဆိုင်တာရော မဆိုင်တာရော ထည်.ပြောနေကြခြင်းဖြစ်သည် ။ နိုင်ငံတော်အင်္ဂါစဉ်၌ ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ် (၂) နေရာတွင်ရှိသည်ဖြစ်ရာ အာဆီယံဝန်ကြီးအစည်းအဝေးအပြီး နှစ်နိုင်ငံချင်းထိပ်သီးအစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင်.ဆွေးနွေးတိုင်ပင်မည်ဖြစ်သည် ။ ဤကိစ္စသည် အာဆီယံကစိုးရိမ်ပူပန်ရလောက်သော လျှို.၀ှက်ချက်ကြီးလည်းမဟုတ်ပေ ) ။

(၈)       သူကြိုက်နှစ်သက်သည်ဖြစ်စေ မကြိုက်နှစ်သက်သည်ဖြစ်စေ မြန်မာနိုင်ငံမှတရားမ၀င်ရွေ.ပြောင်းသွားလာသူများအရေးကို ဆွေးနွေးပွဲတွင်ထည်.သွင်းဆွေးနွေးမည်ဖြစ်သဖြင်. သူမအနေဖြင်.ကြိုတင်ပြင်ဆင်ထားဖို.လိုမည်ဖြစ်သည် ။ ဖြစ်နိုင်လျှင်ထိုကိစ္စကို ၀န်ကြီးများအကြိုညစာစားပွဲတွင် မိမိဘက်မှစတင်ဆွေးနွေးသင်.ပါသည် ။ အင်ဒိုနီးရှား ၊ မလေးရှား၊ထိုင်းနိုင်ငံတို.သည် ထိုကိစ္စကိုဆွေးနွေးရန် စကားပြောဆိုထားပြီးဖြစ်ပါသည် ။ ( ထုတ်ဖော်မပြောသော်လည်းရိုဟင်ဂျာဟု သူတို.နာမည်တပ်နေသော ပင်လယ်ပြင်ထဲမှလှေစီး ဘင်္ဂလီ ဒုက္ခသည်များအရေးကိုဆိုလိုဟန်ရှိသည် ။ ထိုင်းနိုင်ငံသည် ထိုဘင်္ဂလီများ မလေးရှားသို.တရားမ၀င်ရွေ.ပြောင်းသွားလာသောကိစ္စတွင် လူမှောင်ခိုအဖြစ်သူတို.နိုင်ငံသားအဆင်.မြင်.အရာရှိကြီးများ ပါဝင်ပါတ်သက်နေမှုကို ဖုံးကွယ်ရန် သို.မဟုတ်လျှော.ချရန် မြန်မာနိုင်ငံအပေါ်အပြစ်ပုံချရန်ကြိုးစားနေပုံရသည် ။ထို.အတူ မလေးရှား ၊ အင်ဒိုနီးရှားစသော အစ္စလာမ်မစ်နိုင်ငံများကလည်း ပင်လယ်ပြင်တွင်မျောပါလာသမျှ ကုလားများကို မြန်မာပြည်မှ ရိုဟင်ဂျာဟု လုံးချချင်ပုံရသည် ။ ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုဆောင်းပါးဖြင်. စကားဦးသန်းထားခြင်းဖြစ်သည် ။ဒုက္ခသည်များသည် မြန်မာနိုင်ငံမှလာသူများဖြစ်ကြောင်း အခိုင်အမာသက်သေပြနိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သူဘာပြောပြော မြန်မာကပြန်လက်ခံပေးမည်.အကြောင်းပြောသင်.သည် ။ ထိုသူများသည် မြန်မာနိုင်ငံကလာကြောင်းထင်ရှားသောသက်သေအထောက်အထားမခိုင်လုံလျှင် မိမိနိုင်ငံသို.ပြန်လည်ခေါ်ယူဖို.လက်မခံနိုင်ကြောင်းအပြတ်ပြောသင်.ပါသည် ။ နိုင်ငံတကာဖိအား နှင်. ပြည်တွင်းမှ ဖိအားများကြားတွင် ညပ်ပိတ်မသွားစေရေးအတွက် ရခိုင်အရေးကျွမ်းကျင်သူများကိုပါ အာဆီယံအစည်းအဝေးသို.ခေါ်သွားသင်.ပါသည် ) ။

(၉)       နိုင်ငံတကာတွင်ထင်ရှားကျော်ကြားသော နိုင်ငံရေးသမား ၊ ဒီမိုကရေစီ၏ သင်္ကေတပုဂ္ဂိုလ်တဦးဖြစ်သူဒေါ်အောင်ဆန်းစုကြည်အနေဖြင်.  အခြား ဂုဏ်သရေရှိပုဂ္ဂိုလ်များ ၊ဧည်.သည်တော်များနှင်.ဓါတ်ပုံတွဲရိုက်သည်.အခါ အုပ်စုဓါတ်ပုံတွင် သူမသည်အမြဲတမ်း အလည်လောက်တွင်သာရှိနေစမြဲဖြစ်သည် ။ သို.သော် အာဆီယံအစည်းအဝေးအပြီးဓာတ်ပုံရိုက်ရာတွင်တော. အောင်ဆန်းစုကြည်သည် အမြဲတမ်းအလည် စင်တာမှနေ၍မရပေ ။ မိမိအရှေ.မှဝန်ကြီးများတန်းစီသလိုကိုယ်လည်းတန်းစီပြီးကျရာနေရာမှ ဓါတ်ပုံအရိုက်ခံရပေမည် ။ ဗရုတ်သုတ်ခမဖြစ်စေရန် မိမိထိုင်ခုံတွင်ထိုင်နေပြီးတယောက်ပြီးတယောက် လူတန်းအတိုင်းထသွားရပါမည် ။ ( အာဆီယံသည် ဥရောပသမဂ္ဂလို ၊ G7 တို. G8 တို.လို ပင်လယ်ကွေ.နိုင်ငံများအသင်းတို.လိုထိရောက်သော စွမ်းဆောင်ရည်မရှိတာ ဤလိုအရည်မရအဖတ်မရသည်.ကိစ္စများတွင်အလေးထားလွန်းသဖြင်.ဖြစ်သည် ။ ဥရောပသမဂ္ဂတွင် နိုင်ငံတနိုင်ငံကို ၀င်လိုက်လျှင်အခြားဥရောပနိုင်ငံ ၂၆  နိုင်ငံသို. ဗီဇာမလိုပဲသွားနိုင်သော Schengen Visa စနစ်ကိုကျင်.သုံးနိုင်နေပြီဖြစ်သည် ။ အာဆီယံသည် ယခုထက်တိုင် Asean Visa မလုပ်နိုင်သေး ။ သူများကလာလည်တာ ထားဦး ကိုယ်.အာဆီယံ ဆယ်နိုင်ငံ (အရှေ.တီမော်ပါပါလျှင် ၁၁ နိုင်ငံ) အချင်းချင်းပင် အားလုံး ဗီဇာကင်းလွတ်ခွင်. မရသေး ၊ ဆိုက်ရောက်ဗီဇာပင်အားလုံးမရသေး ။ ဥရောပသမဂ္ဂသည် ယူရိုငွေကြေးကိုဥရောပ၏တခုတည်းသောငွေကြေးအဖြစ် ၂၀၀၂ ခုနှစ်မှစကာအသုံးပြုနေနုင်ပြီဖြစ်သော်လည်း အာဆီယံသည် ဆယ်နိုင်ငံသာရှိသော်လည်ုးံငွေကြေးစနစ်မဖော်ဆောင်နိုင်ခြင်းတို.မှာ အာဆီယံခေါင်းဆောင်များ၏အရည်အချင်းညံ.ဖျင်းမှု ၊ အလုပ်ကြီးအကိုင်ကြီးများမလုပ်တတ်မကိုင်တတသောအခါ ဓာတ်ပုံရိုက်ခြင်းလောက်ကိုရေးကြီးခွင်ကျယ်လုပ်မှုတွေကြောင်.ဖြစ်သည် )။

(၁၀)         အများနှင်.မတူ တမူကွဲသည်. အာဆီယံလက်ချင်းချိတ်သည်.ပုံစံမှာ အလွန်အရေးပါလှပေသည် ။အာဆီယံခေါင်းဆောင်အသစ်များသည် ထိုလက်ချင်းချိတ်သည်.ပုံစံကို လေ.ကျင်.လာခဲ.ဖို.ပျက်ကွက်ခဲ.ကြသည်.အတွက် ကမ္ဘာ.မီဒီယာများ ၊ ရုပ်သံရိုက်ကူးမှုများတွင် အရှက်တကွဲအကျိုးနည်းဖြစ်လေ.ရှိကြဖူးသည် ။အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို သည် ယခင်က လက်ချင်းမချိတ်တတ်သောမလုပ်တတ်မကိုင်တတ်ပုံစံကြောင်.လူတွေသတိထားမိသွားသေးသည် ။ ထို.ကြောင်.လက်နှစ်ဖက်ကို မတူသောက်သို.လှည်.ထားသောပုံစံကို ဒေါ်အောင်ဆန်းစုကြည်လေ.ကျင်.ထားသင်.ပေသည် ။အကယ်၍အစွန်ဆုံးတွင် နေခဲ.ရပါက အခြားလက်တဖက်ကို ကမ်းပေးစရာလိုမည်မဟုတ်ပေ။ ( ကျွန်တော်.အမြင်ကိုပြောရလျှင် အာဆီယံစည်းဝေးပွဲများအပြီးတွင် ထိုသို.အတွဲလိုက် လက်များချိတ်၍ဓာတ်ပုံရိုက်ခံသည်မှာ ကြီးကောင်ကြီးမားကျမှကလေးကလားအလုပ်လုပ်နေကြသော အာဆီယံခေါင်းဆောင်အချို.၏ပေါကြောင်ကြောင်လုပ်ရပ်ဟုသာထင်မြင်မိပါသည် ။ထိုသို.လက်ဆွဲနှုတ်ဆက်နည်းကို ဒေါ်အောင်ဆန်းစုကြည်မဆိုထားဘိ လက်ဘက်ရည်ဆိုင်မှ နှစ်တန်းကျောင်းသား အညာသား ငတိုးကို သင်ပေးလျှင်တောင် တမိနစ်နှင်.လုပ်တတ်သည်.ကလေးကွက်ဖြစ်သည် ။အကယ်၍ မလုပ်တတ်ပဲအမှားအယွင်းရှိပါကလည်း ကမ္ဘာပျက်လောက်သည်.ကိစ္စမဟုတ် ။  ထိုကလေးကလားကိစ္စကို ဧရာမကြီးသဖွယ်ရေးသားပြောဆိုနေသော ထိုင်းလူမျိုးဆောင်းပါးရှင်၏ ဥာဏ်ရည်ဥာဏ်သွေးကိုအံ.သြမိပါသည် )။
             ဤဆောင်းပါးကိုဖတ်ပြီးသောအခါစာဖတ်သူတို.လည်းသတိထားမိပေမည် ။ာမှမှတ်လောက်သားလောက်မယ်မယ်ရရရေရေရာရာမပါသောကိစ္စများကိုရေးသူကရေး၍ စင်္ကာပူ၏ထိပ်တန်းသတင်းစာတစောင်ကလည်းထည်.ပေးပေသည် ။ ကျွန်တော်မြင်သည်ကတော. မြန်မာနိုင်ငံ သည်ခေါင်းဆောင်ကောင်း အစိုးရကောင်းနှင်.ဖွံ.ဖြိုးတိုးတက်သွားမှာကို မမြင်ချင်ဆုံးနိုင်ငံနှစ်နိုင်ငံသည် ထိုင်းနှင်.စင်္ကာပူတို.ဖြစ်ပုံရသည် ။ ထိုင်းသည်မြန်မာကိုသမိုင်းကြောင်းနှင်.ချီ၍မုန်းတီးသည်.အပြင်မြန်မာနိုင်ငံဖွံ.ဖြိုးတိုးတက်သွားပါက ဈေးပေါပေါနှင်.ရနေသော တရားမ၀င်နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများကိုဆုံးရှုံးရမှာကိုတွေးကြောက်ဟန်ရှိသည် ။ စင်္ကာပူသည်လည်းမြန်မာနိုင်ငံမှထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသာအပြည်.အ၀အောင်မြင်ခဲ.ပါက မလက္ကာရေလက်ကြားသို.အချိန်ကုန်ငွေကုန်ခံကာယ်သူမှမလာတော.သဖြင်. စင်္ကာပူဆိပ်ကမ်း ကျီးနှင်.ဖုတ်ဖုတ်ဖြစ်မှာကိုစိုးရိမ်ဟန်ရှိသည် ။ အခြားတဖက်တွင် စင်္ကာပူသည်လည်းကောင်း၊ထိုင်းနိုင်ငံသည်လည်းကောင်း ကမ္ဘာ.အဆင်.မီခေါင်းဆောင် တဦးတယောက်မှ မရှိခဲ.ဖူးချေ။ လီကွမ်ယုတယောက်သာသူတို.ဘက်မှာပြစရာရှိသည် ။လီကွမ်ယုသည် စင်္ကာပူအတွက်ခေါင်းဆောင်ကောင်းဖြစ်သော်လည်း အာဏာရှင်တပိုင်းဖြစ်သဖြင်.အချို.ကမနှစ်သက်ကြ ။ တကမ္ဘာလုံး၏အကျိုးကိုဆောင်ကျဉ်းနိုင်သူမဟုတ်ဟုယူဆသူကယူဆကြသည် ။

မြန်မာကတော. ဗိုလ်ချုပ်အောင်ဆန်းကိုဖယ်ထားလျှင်ပင် ဦးသန်.လို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရာထူးရဖူးသည်.ကမ္ဘာ.ခေါင်းဆောင် သူတို.ဆီမှာ ယခင်ကလည်းမရှိ ။ယခုလည်းမရှိ ။နောင်တွင်လည်းရှိဖို.လွယ်မည်မဟုတ် ။ မြန်မာမှာလို ပိဋကတ်သုံးပုံအာဂုံဆောင်နိုင်သူလည်းသူတိုဆီမှာမရှိ ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရသူလည်းသူတို.မှာမရှိ ။ အင်္ဂလန်နိုင်ငံရှိနာမည်ကျော်ဝက်မင်စတာခန်းမလိုနေရာကြီးတွင် ဗြိတိသျှပါလီမန်အမတ်များအား မိန်.ခွန်းပြောကြားရန်ဖိတ်ကြားခံရသူမျိုးသူတို.နိုင်ငံမှာမရှိ ။ ကမ္ဘာကျော်ဆင်းဟတ်စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများကို မိန်.ခွန်းပြောကြားခွင်.ရသူမျိုးသူတို.နိုင်ငံတွေမှာမရှိ ။ အောင်စဖို.တက္ကသိုလ်လိုနေရာမျိုးတွင်မိန်.ခွန်းပြောကြားရသည်.ခေါင်းဆောင်မျိုးသူတို.မှာမရှိ ၊ ကိုလံဘီယာတက္ကသိုလ်တွင်မိန်.ခွန်းပြောခွင်. ၊နော်ဝေနိုင်ငံတွင်မိန်.ခွန်းပြောခွင်. ၊ အရှေ.အာရှဖိုရမ် တွင်စကားပြောခွင်. သူတို.တွေတွင်တယောက်မှမရှိ ။ထိုအခါ လူ.သဘာဝအားငယ်သည် ၊သိမ်ငယ်သည် အငုံ.စိတ်ဝင်သည် ။ အရှိန်အ၀ါကိုလန်.သဖြင်.ကြောက်ကန်ကန်ကာ မဟုတ်ကဟုတ်ကတွေရေးသည် ။ ရေးသူက ထိုင်း ၊ ထည်.ပေးသည်က စင်္ကာပူ ။မကြာမီ ဇွန်လတွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို.တွင်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ.ဆုံကြတော.မည်ဖြစ်ရာယခင်က လက်ချင်းတွဲ၍ဓာတ်ပုံရိုက်ရုံအဆင်.ကမတက်သော အာဆီယံ အစည်းအဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်နှင်.မြန်မာနိုင်ငံဟူသော အရှိန်အ၀ါအောက်တွင် ပြောင်းလဲမှုများစတင်တော.မည်ဟုခံစားရပါကြောင်း ။

သရ၀ဏ်(ပြည်)  
 
စောင်.ကြည်.ဂျာနယ်
၆.၅.၂၀၁၆

No comments:

Post a Comment