မဘသ ကိစ္စဟာ NLD အစိုးရရဲ့ ပွဲဦးထွက် အပြောင် မြောက်ဆုံး ကစားကွက်လို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့ အစိုးရ ဟောင်း လက်ထက် ကတည်းက ကြံ့ခိုင်ရေး လက်ကိုင်တုတ် ဘဝနဲ့ NLD ပါတီကို နိုင်ငံရေး အရ တိုက်ခိုက် ခဲ့တဲ့ မဘသဟာ အစိုးရသစ် ကိုလည်း ဆက်လက် တိုက်ခိုက် ခဲ့ပါတယ်။ အထူးသဖြင့် လူမျိုးရေး အမုန်း တရားနဲ့ ဘာသာရေး အဓိကရုဏ်း တွေပါ ဖန်တီးပြီး တိုင်းပြည် ဆူပူအောင် လုပ်ဆောင် လာတဲ့အခါ NLD အစိုးရသစ် အနေနဲ့ လက်ပိုက် ကြည့်မနေနိုင် တော့ပါဘူး။
မဘသဟာ လောကီရေးနဲ့ နိုင်ငံရေး အမြင် အားနည်းတဲ့ ထေရ်ကြီး ဝါကြီး ဆရာတော် တစ်ချို့ကို အကာအကွယ် ယူထားပြီး သူတို့ကို ထိပါး တာနဲ့ အစိုးရကို သိက္ခာကျ အောင်၊ ပြည်သူတွေ အစိုးရ အပေါ် အကြည်ညို ပျက်အောင် ကြံစည် ထားပါတယ်။ နှစ်ပေါင်းများစွာ အတိုက်အခံ လုပ်လာတဲ့ NLD ဟာ ဒီအခြေအနေကို ကောင်းကောင်း နားလည် ပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ စနစ်တကျ အကွက်ချပြီး ကြံစည် နေခဲ့ရလို့ တစ်ချို့က အစိုးရ အပေါ် အားမလို အားမရ ဖြစ်ပြီး ဝေဖန် တာတွေတောင် ရှိခဲ့ပါတယ်။
အစိုးရ ပထမဆုံး ရွှေ့ကွက်က မဘသ အင်အားစုတွေ ထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ နေမျိုးဝေကို ဖမ်းပြလိုက်တာလို့ ပြောရင် မမှား နိုင်ပါဘူး။ ဒါဟာ မဘသ ဘက်က ဘယ်လို တုံ့ပြန်မလဲ၊ အင်အား ဘယ်လောက် ရှိသလဲ ဆိုတာ သွေးတိုး စမ်းတာပါ။ မဘသရဲ့ တုံ့ပြန်မှုက လောက်လောက် လားလား မရှိမှန်း သိလာတဲ့ အချိန်မှာတော့ ကိုဖြိုးမင်းသိန်း အလံထောင်ပြီး ဝင်လာ တော့တာပါပဲ။
ကိုဖြိုးမင်းသိန်းရဲ့ "မဘသ မရှိသင့်ဘူး" ဆိုတဲ့ ပစ်ချက်ဟာ မဘသ တစ်ဖွဲ့လုံး တုန်ဆင်း လာအောင် စစ်မြှူ လိုက်တာ ပါပဲ။ ဦးဝင်းထိန်က စစ်ကူ ထပ်ပစ် ပေး ပါတယ်။ ဒါပေမယ့် တကယ့် တိုက်စစ်ကတော့ မဟန ၄၇ ပါး စုံညီမှာ တင်ပြတဲ့ စာပါ။ အဘက်ဘက်က ခိုင်ခိုင် လုံလုံ ရေးသား ထားတဲ့ တင်ပြချက် တွေကြောင့် မဟန ဆရာတော် တွေဟာ မဘသရဲ့ သရုပ်မှန်ကို သဘော ပေါက် လာခဲ့ပါတယ်။ နောက်ဆုံး အပြီးသတ် တိုက်စစ် ကတော့ သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကိုရဲ့ လူကိုယ်တိုင် လာရောက် လျှောက်ထားမှု ပါပဲ။
အခုတော့ ပွဲပြီး သွားပါပြီ။ မဟနရဲ့ ထောက်ခံမှုကို မရတော့တဲ့ အတွက် မဘသဟာ သံဃာ့ အဖွဲ့ အစည်း ယောင်ယောင် upper hand ယူပြီး လှုပ်ရှား နေတာတွေ ရပ်ရပါပြီ။ သာမန် လူမှုရေး အသင်းအဖွဲ့ အနေနဲ့ အဆင့်ချ ခံလိုက်ရပြီ ဖြစ်လို့ invulnerable မဖြစ်တော့ဘဲ လူတွေနဲ့ တန်းတူ ဆက်ဆံ ခံရပါမယ်။ အဓိကရုဏ်း တွေမှာ ပါဝင် ပတ်သက်ကြောင်း သံသယ ရှိရင်တောင် မတရားသင်း ဥပဒေနဲ့ အရေးယူလို့ ရပါတယ်။ ပြောရရင် မဘသဟာ under control အခြေအနေ ရောက်ပါပြီ။ သင်္ကန်း ချွတ်ဖမ်းတာ၊ ဘုန်းကြီးကျောင်း ဝင်စီး တာတွေ မပါဘဲနဲ့ NLD အစိုးရရဲ့ တစ်ဆင့်ချင်း ကစား သွားတဲ့ အကွက် လေးတွေက မြင်တတ်ရင် ပညာသား ပါတာကို တွေ့ရပါ လိမ့်မယ်။
credit: Zin Thaw Naing
NLDဟာ မဘသနဲ့ဦးဝီရသူကို
စေ့စပ်ရေးနည်းနဲ့ချဉ်းကပ်ခဲ့ပါတယ်...
ဘဘဦးဝင်းတင်ကိုယ်တိုင်
မဆုံးခင်တုန်းကဦးဝီရသူနဲ့တွေ့ခဲ့ပါတယ်...
ရွေးကောက်ပွဲနီးတော့လည်း
NLDထိပ်တန်းခေါင်းဆောင်တွေ
မဘသဗဟိုကိုသွားတွေ့ခဲ့ပါတယ်...
ရွေးကောက်ပွဲမှာလည်း
မဘသမကြိုက်မှန်းသိလို့
မွတ်ဆလင်အမတ်လောင်းတွေ
တမင်မထည့်ခဲ့တာလို့ဦးဝင်းထိန်ကိုယ်တိုင်
News watch မှာပြောခဲ့ပါတယ်...
ရွေးကောက်ပွဲအပြီးမှာတော့
ဘဘဦးတင်ဦးကိုယ်တိုင်ရော
တခြားခေါင်းဆောင်တွေပါ၂ကြိမ်
မဘသဦးဆောင်ဆရာတော်ကြီးတွေနဲ့တွေ့ခဲ့ပါတယ်...
အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
မဘသကိုတိုက်ရိုက်မဟုတ်ပေမယ့်
သြဝါဒစရိယဆရာတော်ကြီးတွေဆီက
သြဝါဒခံယူတယ်ဆိုပြီးတွေ့ဆုံမှုတခုလုပ်ခဲ့ပါတယ်...
NLDအနေနဲ့
ဘယ်မွတ်ဆလင်အဖွဲ့အစည်းကိုမှ
တွေ့ဆုံခဲ့တာမရှိသလို
ကာကွယ်ရပ်တည်ပေးမယ်လို့တောင်
တရားဝင်ထုတ်ဖော်ပြောဆိုမှုတခုမှ
မရှိခဲ့ပါဘူး...
ဒါတွေဟာ
ဘာသာရေးပဋိပက္ခတွေမဖြစ်စေချင်လို့
NLDအနေနဲ့လူ့အခွင့်အရေးအုပ်စုတွေနဲ့
နိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်မှုတွေကို
ကြံ့ကြံ့ခံပြီးတဖက်သတ်ညှိနှိုင်းနေခဲ့တယ်လို့
အထင်အရှားယူဆနိုင်ပါတယ်...
ဒီလိုတွေ့ဆုံမှုတွေမှာ
NLDဟာမဘသအပါအဝင်
သံဃာအသင်းအပင်းအားလုံးကို
မေတ္တာရပ်ခံခဲ့မှာသေချာပါတယ်...
ဒါပေမယ့်မဘသအနေနဲ့
ဘာသာရေးပဋိပက္ခတွေထပ်မဖြစ်အောင်
ထိန်းသိမ်းခဲ့ခြင်းမရှိပါဘူး...
အထူးသဖြင့်
နိုင်ငံရေးအရေးကြီးချိန်ရောက်တိုင်း
အချိန်ကိုက်ပြသနာတွေပေါ်လာတာလည်း
သိသာလွန်းပါတယ်...
ခုလည်း
၂၁ရာစုပင်လုံကိစ္စလုံးပမ်းနေရချိန်မှာ
ပြသနာတွေအတွဲလိုက်
အစီအစဉ်နဲ့ပေါ်လာနေပြန်ပါပြီ...
ဒါကြောင့်
NLDအနေနဲ့
မဘသကိုမေတ္တာရပ်ခံရေးနည်းလမ်းဟာ
အလုပ်ဖြစ်ရဲ့လားလို့ပြန်သုံးသပ်သင့်ပါပြီ...
ဒီလိုပြောလို့
NLDကိုအပြစ်တင်တာမဟုတ်ပါ
မူလရွေးခဲ့တဲ့နည်းလမ်းဟာ
အဖြစ်သင့်ဆုံးနည်းဖြစ်ပြီး
NLDအနေနဲ့တာဝန်လည်းကျေ
အများစုဖြစ်တဲ့ဗုဒ္ဓဘာသာဝင်ပြည်သူတွေကိုလည်း
ဘဝင်ကျစေခဲ့ပါတယ်...
ဒါပေမယ့်
မဘသအနေနဲ့ဒီထက်ပိုပြီး
NLDအစိုးရကို
အနှောင့်အယှက်မဖြစ်စေသင့်တော့ပါဘူး...
အစိုးရရဲ့မေတ္တာတရားရှေးရှုမှုကို
အခွင့်ကောင်းယူတဲ့သဘောမျိုးနဲ့
ပဋိပက္ခတွေဆက်မဖြစ်စေသင့်တော့ပါဘူး...
တဖက်ကကြည့်ရင်လည်း
အစိုးရကိုတောင်ဂရုမစိုက်ဘူးဆိုရင်
အစိုးရထက်အင်အားကြီးတဲ့ထောက်ခံသူတွေ
နောက်ကွယ်မှာရှိနေလားဆိုတာ
ပြည်သူကမေးခွန်းထုတ်ရပါတော့မယ်...
ရိုးရိုးသားသားဘာသာရေးအစွဲထက်ပိုတဲ့
နိုင်ငံရေးခြေထိုးကွက်ဆန်ဆန်
ခြေရာလက်ရာတွေထွက်လာရင်တော့
ပြည်သူလူထုတင်မြှောက်ထားတဲ့
ပြည်သူ့အစိုးရရဲ့ဂုဏ်သိက္ခာနဲ့
အာဏာတည်မြဲမှုကို
ပြည်သူလူထုကိုယ်တိုင်ကကာကွယ်ရပါလိမ့်မယ်...
အဲ့လိုဖြစ်လာရရင်
အားလုံးနစ်နာရမှာဖြစ်ပြီး
အပြောင်းအလဲဟာမြောင်းထဲချော်ကြနိုင်ပါတယ်...
တိုင်းပြည်ကိုငဲ့ညာကြဖို့
အားလုံးကိုသတိပေးချင်ပါတယ်...
NLDအစိုးရအနေနဲ့လည်း
ဒီမိုကရေစီခရီးမှာပိတ်ပင်လာသူမှန်သမျှကို
လိုအပ်လာရင်ပြည်သူလူထုအားနဲ့
ရဲရဲဝံ့ဝံ့ဖယ်ရှားသွားဖို့စဉ်းစားထားစေချင်ပါတယ်...
No comments:
Post a Comment